top of page

စစ်ကောင်စီမှအာဏာသိမ်းပြီး ၄နှစ်ကျော်ကာလအတွင်း ပြည်သူပေါင်း ၆၈၁၃ဦးအထိ သေဆုံးခဲ့ပြီဖြစ်ကြောင်း AAPPထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Jun 24, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊ဇွန်လ၊၂၀၂၅။



မြန်မာပြည်တစ်ဝှမ်း စစ်ကောင်စီအာဏာသိမ်းပြီး (၄)နှစ်ကျော်၊ နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီကြောင့် အတည်ပြုပြီး ပြည်သူပေါင်း (၆၈၁၃)ဦးအထိ သေဆုံးခဲ့ရပြီး၊ အတည်ပြုရန် လိုအပ်သေးသည့် သေဆုံးသူ ပြည်သူစုစုပေါင်း (၃၅၀၀)ခန့်လည်း ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။


ဖမ်းဆီးခံရသူမှာ စုစုပေါင်း (၂၉၃၁၆)ဦးရှိခဲ့ပြီး၊ ထိုထဲမှ (၂၂၁၆၃)ဦးမှာ ယခုထက်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ၊ ထိန်းသိမ်းခံနေရသူများအနက် (၁၀၈၆၇)ဦးမှာတော့ ထောင်ဒဏ်ချမှတ်ခံထားရပြီး ပြန်လည်လွှတ်မြောက်လာသူ (၇၁၅၃)ဦးရှိသည်။


စစ်ကောင်စီ၏ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း (၁၇၂)ဦးအထိရှိခဲ့ပြီး၊ ထောင်အတွင်း သေဒဏ်ချမှတ်ခံခဲ့ရသူ စုစုပေါင်း(၁၂၈)ဦးနှင့် မျက်ကွယ်တွင် သေဒဏ်ချမှတ်ခံရသူမှာ (၄၄)ဦးအထိ ရှိခဲ့သည်။

ထို့အပြင် ကလေးသူငယ်ပေါင်း (၆၂၀)ဦး


မတရားဖမ်းဆီးခံခဲ့ရပြီး၊ (၈၃၄)ဦးမှာ သေဆုံးခဲ့ရသည့်အပြင် အမျိုးသမီးစုစုပေါင်း (၆၁၀၉)ဦးလည်း မတရားဖမ်းဆီးခံခဲ့ရကာ အမျိုးသမီး (၁၆၆၂)ဦးမှာတော့ သေဆုံးခဲ့ရပြီးဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page