စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလအတွင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ(၂၇၀)ကျော်သေဆုံး
- Pajau Media

- May 5, 2025
- 1 min read
Updated: May 6, 2025
ပါဂျောင်မီဒီယာ။
၅ရက်၊မေလ၊၂၀၂၅။

စစ်ကောင်စီတပ်ဖွဲ့မှ ဧပြီလအတွင်း တော်လှန်ရေးတပ်ဖွဲ့များရှိရာဒေသသို့ စစ်အင်အားအလုံးအရင်းဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လှုပ်ရှားခဲ့သည့်အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ(၂၇၆)နီးပါး အသက်သေဆုံးခဲ့ရကြောင်း NUGက ယနေ့တွင် ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံး ဧပြီတစ်လအတွင်း ပြင်းအားငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း တစ်ဖက်တွင်စစ်ကောင်စီမှ လေကြောင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပိုမိုလုပ်ဆောင်လာသည်ဟု ဆိုသည်။
မတ်လ၂၈ရက်နေ့မှစပြီး မေလ၄ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း (၂၈၂)ကြိမ် ပြုလုပ်ခဲ့သောကြောင့် ပြည်သူ(၂၇၆)ဦး အသက်သေဆုံးကာ၊ (၄၅၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း NUGထုတ်ပြန်ချက်အရ သိရသည်။
အသက်သေဆုံးခဲ့သူများတွင် အသက်(၁၈)နှစ်အောက် ကလေးငယ်များ (၃၁)ဦးပါဝင်ပြီး၊ ထိခိုက်ဒဏ်ရာရသူများတွင် (၄၅)ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် လေကြောင်းဗုံးလာရောက်တိုက်ခိုက်သည့် အများဆုံးဒေသမှာ စစ်ကိုင်းဒေသဖြစ်ပြီး၊ အသက်သေဆုံးခဲ့သူ (၈၉)ဦးနှင့် ထိခိုက်သူ(၁၃၅)ဦးအထိ ရှိခဲ့သည်။
သတင်း - ပီလမ့်အူ




Comments