top of page

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အရပ်သားပြည်သူ(၁၅၀၀)ကျော်ရှိလာပြီဖြစ်ကြောင်း AAPPထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Jul 1, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁ရက်၊ဇူလိုင်လ၊၂၀၂၅။



အာဏာသိမ်း ၅နှစ်တာကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၅၀၀)ကျော် သေဆုံးခဲ့ကြောင်း AAPPက အတည်ပြု ပြောဆိုထားသည်။


နိုင်ငံရေးအကျဥ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော အချက်အများအရ စစ်အုပ်စု၏ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကြောင့် အတည်ပြု အရပ်သားပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့ပြီး၊ အတည်မပြုထားနိုင်သော သေဆုံးသူ အနည်းဆုံး (၁၃၄၉)နီးပါးရှိကြောင်းလည်း ဖော်ပြထားသည်။


အာဏာသိမ်း ၅ နှစ်တာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုများအနက်မှ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၅ ခုနှစ်တို့တွင် စစ်ကိုင်းတိုင်းမှာ (၅၂၀)ဦးဖြင့် သေဆုံးမှုအရေအတွက် အများဆုံး တိုင်းဒေသကြီးဖြစ်ခဲ့ပြီး၊ ကချင်ပြည်နယ်မှာတော့ (၆၉)ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။


ထို့အပြင် စစ်အုပ်စု၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက် စုစုပေါင်း (၆၈၄၀)ဦးအထိ ရှိခဲ့ပြီး၊ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၉၃၄၂)ဦးအထိ ရှိခဲ့ကြောင်း သိရသည်။


အဆိုပါ အဖမ်းဆီးခံရသူများတွင် အမျိုးသမီး စုစုပေါင်း (၆၁၁၄)ဦးနှင့် ကလေးစုစုပေါင်း (၆၂၀)ဦးလည်း ပါဝင်ပြီး၊ ဖမ်းဆီးခံခဲ့ရသူများထဲမှ အမျိုးသမီး (၄၂၇၀)ဦးနှင့် ကလေး(၂၄၇)ဦး အပါအဝင် စုစုပေါင်း (၂၂၁၈၄)ဦးမှာတော့ လက်ရှိအချိန်အထိ ထိန်းသိမ်းချုပ်နှောင်ခံနေရဆဲဖြစ်သည်။


စစ်ကောင်စီတပ်မှ မတရားအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေးလုပ်ရှားမှုများ လုပ်ဆောင်လာပြီး စစ်အုပ်စုက ဆန့်ကျင်သူများကို ဖိနိပ်ရန် လက်နက်အင်အားသုံး တိုက်ခိုက်မှုများ လုပ်ဆောင်သည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page