top of page

စစ်ကောင်စီ၏လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်မှုကြောင့် ဧပြီလအတွင်းအမျိုးသမီးသေဆုံးမှု(၇၁)ဦးအထိ ရှိခဲ့

  • Writer: Pajau Media
    Pajau Media
  • May 9, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၉ရက်၊မေလ၊၂၀၂၅။



ဧပြီလ(၁)လတာအတွင်း စစ်ကောင်စီ၏ လေ ကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်မှုကြောင့် နိုင်ငံတစ်ဝန်းအမျိုးသမီးသေဆုံးမှု(၇၁)ဦးအထိ ရှိခဲ့ပြီး၊ ၁၈နှစ်အောက် အမျိုးသမီးငယ် (၁၃)ဦးပါဝင်ကာ ထိခိုက်ဒဏ်ရာရရှိသူ (၅၀)ဦးအထိရှိခဲ့ကြောင်း Burmar Women’s Union မှ ထုတ်ပြန်ထားသည်။


အဆိုပါ အမျိုးသမီးဆိုင်ရာ အချက်အလက်များကို ဧပြီလ၁ရက်နေ့မှ ၃၀ရက်နေ့အတွင်း စောင့်ကြည့်မှတ်တမ်းတင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။


အမျိုးသမီး (၇၁)ဦး အသက်ဆုံးရှုံးခဲ့ရသည့် အကြောင်းအရင်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၅၉)ဦး၊ ပြည်သူများ၏ ရွာနှင့်နေအိမ်များအား ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၇)ဦးနှင့် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် (၅)ဦးတို့ ဖြစ်ကြသည်။ ထိုအထဲတွင် အသက်(၁၈)နှစ်အောက် အမျိုးသမီးငယ် (၁၃)ဦးလည်း ပါဝင်ကြောင်း သိရသည်။


ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ (၅၀)ဦးတို့မှာလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၄၀)ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၅)ဦး၊ မြေမြုပ်မှိုင်းကြောင့် (၄)ဦးနှင့် အာရက္ခတပ်ဖွဲ့၏ မုဒိမ်းပြုကျင့်မှုကြောင့် (၁)ဦး ဒဏ်ရာရရှိခဲ့သည်။


မြန်မာ့အမျိုးသမီးသမ္မဂ၏ ထုတ်ပြန်ချက်အရ အသက်သေဆုံးခဲ့သည့် အမျိုးသမီးဦးရေသည် စစ်ကိုင်းတိုင်းဒေသကြီးမှ (၃၀)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၄)ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ (၅)ဦးတို့ဖြင့်အများဆုံးပါဝင်နေကြောင်းသိရသည်။


သတင်း - ထုဆိုင်း



Comments


Pajau Media

Thanks for subscribing!

bottom of page