top of page

စစ်ကောင်စီ၏ လေယာဥ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာပြင်းထန်

  • Writer: Pajau Media
    Pajau Media
  • Nov 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၈ရက်၊နိုင်ဝင်ဘာ၊၂၀၂၄။




စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လေယာဥ်ဖြင့် ဗုံးကျဲမှုဆက်တိုက်လုပ်ဆောင်နေပြီး နိုဝင်ဘာ ၁၇ ရက် ညသန်းခေါင်ယံ ၁၁း ၄၅ နာရီတွင် ရှမ်းမြောက် ကွတ်ခိုင်ရပ်ကွက်(၄)တရုတ်ဘုရားကျောင်းအနီးသို့ လေယာဉ်ဖြင့်လာရောက်ဗုံးကျဲရာ ပြည်သူ ၃ သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ပြင်းထန်စွာ ရသွားကြောင်း ကွတ်ခိုင်ဒေသခံများထံမှသိရသည်။


“ ညသန်းခေါင်ယံ ဗုံးလာကျဲတာပေါ့ ကွက်ခိုင် ရပ်ကွက်၄ တရုတ်ဘုရားကျောင်းအနီး ကပြည်သူအိမ်၃ အိမ် တစ်စစီ ပျက်စီး သွားတယ်၊ တစ်နှစ်ခွဲအရွယ်ကလေး၊မိခင် နှင့်အသက်၆၀ အရွယ်အမျိုးသားတစ်ဦးအပါအဝင် ၃ဦးသေဆုံးခဲ့ပြီး ၁၃ ဦးပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်ပြည်သူနေအိမ် ၅ လုံးလည်းရစရာမရှိပျက်စီးသွားတယ်” လို့ ဒေသခံတစ်ဦး က ပြောသည်။


ဗုံးပေါက်ကွဲမှု ပြင်းအားကြောင့် ကွတ်ခိုင် နှစ်ခြင်းဘုရားကျောင်း မှန်များကွဲသွား ကြောင်း၊ လေယာဥ် ဗုံးသတိထားရမည့် အခြေအနေ ဖြစ်သောကြောင့် လူစုလူဝေး မပြုလုပ်ကြရန်နှင့် လေကြောင်းကာကွယ်မှုနှင့် ပတ်သက်တဲ့ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာကြဖို နိုင်ဝင်လာ၁၈ မနက်ပိုင်းမှာ တအာင်းတပ်မတော် TNLA ထုတ်ပြန်ထားကြောင်းလည်းသိရသည်။


နိုင်ဝင်ဘာ ၁၅ ရက်ညနေ ၄း၀၀ နာရီ ခန့်အချိန်မှာလည်း စစ်ဘေးရှောင်နေသည့် ကချင်ပြည်နယ် မိုးမောက်၊ မြို့သစ်ကုန်းလောတွင် စစ်ကောင်စီ လေယာဥ် ဗုံးကျဲမှုကြောင့် ကလေး(၇) ဦးနှင့် အသက်၃၀ကျော်အရွယ် အမျိူးသားအမျိုးသမီး ၂ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့သည်။


အာဏာသိမ်းချိန်မှစ၍ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကျဲတိုက်ခိုက်မှု အကြိမ်ရေ ၂၅၀၀ နီးပါးရှိခဲ့ပြီး ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၂၀၄ ခု၊ ဆေးရုံဆေးခန်း ၅၇ ခုနှင့် စာသင်ကျောင်း ၂၀၇ ကျောင်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ က ထုတ်ပြန်ထားသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page