စစ်ကောင်စီလက်နက်ကြီးကြောင့် ဖားကန့်ပြည်သူ သေဆုံး
- Pajau Media

- Aug 1, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁ရက်၊ ဩဂုတ်၊ ၂၀၂၅။

ဖားကန့်ဒေသတွင် စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူများသေဆုံးခဲ့ရကြောင်း သိရသည်။
လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး အသက်သေဆုံးခဲ့ရပြီး၊ နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အမေဖြစ်သူ အသက် ၃၇ နှစ်အရွယ်က သေဆုံးခဲ့ရပြီး၊ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူနှင့် ၁၃ နှစ်အရွယ် သားဖြစ်သူ မောင်နှမနှစ်ဦးက ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့သည်ဟုဆိုသည်။
သမီးဖြစ်သူက လက်တစ်ဖက် ဖြတ်ပစ်ရသည်အထိ ပြင်းထန်ခဲ့ပြီး၊ သားဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင် ၃၀ ရက် ည ၈ နာရီခွဲအချိန်ခန့်က ဖားကန့်ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ လုံးခင်းမှ အဆိုပါမိသားစုနေအိမ်ထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
သတင်း - ထုဆိုင်း




Comments