top of page

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၆လကျော်အတွင်း အရပ်သား(၁၄၅)ဦး သေဆုံးခဲ့၊ ကချင်ပြည်နယ်မှ (၁၀)ဦးသေဆုံး

  • Writer: Pajau Media
    Pajau Media
  • Aug 13, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊ ဩဂုတ်၊ ၂၀၂၅။



နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန္နဝါရီလမှ ဩဂုတ် ၁၂ရက်နေ့အထိ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး(၆၈)ဦးနှင် အမျိုးသား(၇၈)ဦး သေဆုံးခဲ့ကြောင်း သိရသည်။


စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်း ပြည်သူ(၁၄၆)ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ ယင်းထဲမှာ အသက် ၁၈နှစ်အောက် ကလေးငယ်(၂၉)ဦး ပါဝင်သည်ဟု ဆိုသည်။ ထို့အပြင် တနင်္သာရီတိုင်းက (၂၇)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ခဲ့ပြီး၊ ကချင်ပြည်နယ်က (၁၀)ဦး သေဆုံးသည်ဟု ဖော်ပြထားသည်။


ဩဂုတ် ၇ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဗျူဟာကုန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဆိပ်မူကျေးရွာအုပ်စု ကချင်နှစ်ခြင်းခရစ်ယန်ဘုရားကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ရှောင်အမျိုးသမီးတစ်ဦး ကျည်စထိမှန် သေဆုံးခဲ့သည်။


ယခုရက်ပိုင်းအတွင်း စစ်ကော်စီက ဖားကန့်ဒေသဘက်ကို စစ်ရေးလှုပ်ရှားမှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပြီး၊ လက်နက်ကြီးအပြင် လေယာဉ်ဗုံး ရမ်းသမ်းပစ်ခတ်မှုများလည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားသေဆုံးမှုမှာ များသထက်များလာကြောင်း သိရသည်။


ဆက်လက်ပြီး နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြညသူစုစုပေါင်းမှာ (၇၀၆၀)ဦးရှိခဲ့သည်။ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းမှာ (၂၉၅၃၀)ဦးရှိပြီး၊ ထိုအထဲမှ (၂၂၂၉၁)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၉၇၀)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း ဖော်ပြထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page