top of page

စစ်ကောင်စီသင်္ဘောများ ထီးချိုင်မြို့မှ ကသာဘက်သို့ဆက်လက်ထွက်ခွာ

  • Writer: Pajau Media
    Pajau Media
  • Jul 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၅ရက်၊ဇူလိုင်၊၂၀၂၅။



စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့အနီးတွင် ညအိပ်ရပ်နားခဲ့သည့် စစ်ကောင်စီတပ်၏ စစ်သင်္ဘောအုပ်စုများမှာ ယနေ့ ဇူလိုင် ၂၅ရက်နေ့ နံနက်တွင် ကသာမြို့ဘက်သို့ ဆက်လက် ထွက်ခွာ​နေကြောင်း နီးစပ်ရာဒေသခံများ ပြောပြချက်အရ သိရသည်။


" ထီးချိုင့်မှာနားပြီး လက်နက်တချို့လည်းချခဲ့တယ်။ ပြီးတော့ဒီမနက် ကသာအထက်ဘက် ဆက်တက်သွားကြတယ်" ဟု နီးစပ်ရာဒေသခံများက ပြောကြသည်။


မန္တလေးမြို့မှ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောအုပ်စုများမှာ ဇူလိုင် ၂၄ရက်​နေ့က ထီးချိုင့်မြို့သို့ ဆိုက်ရောက်ခဲ့ပြီး သင်္ဘောပေါ်မှ လက်နက်ခဲယမ်းတစ်ချို့ ချခဲ့ကြောင်း သိရသည်။

ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA၏အမှတ် ၁၁ တပ်မဟာမှလည်း ဧရာဝတီမြစ်ကြောင်းအတွင်း စစ်ကောင်စီသင်္ဘောများနှင့် နီးကပ်စွာ သွားလာလှုပ်ရှားနေထိုင်မှုကို သတိထားကြရန်နှင့် စစ်ကြောင်းရန်ကို ကြိုတင်ရှောင်ရှားနိုင်ရန်သတိပေးထားသည်။


မန္တလေးမြို့မှ ဆန်တက်ခဲ့သော စစ်သင်္ဘောအုပ်စုများလည်း သပိတ်ကျင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောအချို့ထိခိုက်ပျက်စီးခဲ့သော်လည်း ကျန်ရှိသောသင်္ဘောများ ဆက်လက်ဆန်တက်ခဲ့ပြီး ထီးချိုင့်မြို့နယ်အတွင်း ညအိပ်နားခဲ့သည်။


ထို့နောက် စစ်လက်နက်တစ်ချို့ချခဲ့ပြီး ကသာဘက်ကို ဆက်လက်ဆန်တက်၍ ဗန်းမော်ထိရောက်အောင်ဆန်တက်မည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများ ခန့်မှန်းပြောဆိုထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page