စစ်ကောင်စီ၏အာဏာသိမ်းမှုနှင့်အတူ ပြိုလဲခဲ့သော ပညာရေးနှင့်ဆရာ/ဆရာမများ၏အခန်းကဏ္ဍ
- Pajau Media

- May 31
- 2 min read
Updated: Jun 3
ပါဂျောင်မီဒီယာ ။
မေလ၊၃၁ရက်၊၂၀၂၅။

စစ်ကောင်စီတပ်က နိုင်ငံတော်အာဏာသိမ်း ပိုက်ပြီးနောက် အုပ်ချုပ်မှု ယန္တရားပျက်သုန်းရာ တွင် ပညာရေးအပိုင်းလည်းအပါအဝင်ဖြစ်ပါတယ်။ စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာ အနာဂတ်ကလေးများ ၏ပညာရေးကို အဆက်မပျက် သင်ကြားနိုင်ရေးအတွက် ကြားကာလအစိုးရဘက် က နည်းလမ်းပေါင်စုံဖြင့် သင်ကြားပေးနေပေမဲ့စစ်ကောင်စီတပ်ကလေယာဥ် ဗုံးကြဲတိုက်ခိုက်မှု များ ပိုမိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် က ယခုနောက်ပိုင်းတွင် စာသင်ကျောင်း၊ ဆေးရုံဆေးခန်း များ၊ ဘာသာရေးအဆောက်အအုံ များ နှင့် လူစုလူဝေးရှိရာနေရာတွေ ကို လေကြောင်းတိုက်ခိုက်ခြင်း၊ တာဝေးပစ်လက်နက်ကြီး များ ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက် ရှိကျောင်းများကိုဗုံးကြဲတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်နေတာဖြစ်ပါတယ်။
ယခုလို မတရားအာဏာသိမ်းထားတဲ့ စစ်တပ်၏လေကြောင်းတိုက်ခိုက်ခြင်းသည် လူသားများအပေါ် စစ်ရာဇဝတ်မှု(war crimes against Humanity )ကို နေ့စဥ်ဆိုးရွားစွာကျူးလွန်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းတွင် ကလေး ငယ်များ စာသင်ကြားနေစဉ် စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၂၂ ဦးနှင့် ဆရာမနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများစွာရှိခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှု ကြောင့် နိုင်ငံ့သားကောင်းရတနာကလေးသူငယ်များ ဆရာ၊ဆရာမများ နှင့် ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံး မှုမရှိ စေရေးအတွက် အမျိူးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီး ဌာန ၏ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသည့် အခြေခံပညာပြည်သူ့ အခြေပြု ပ ညာရေး ကျောင်းများ၊ အဆင့်မြင့် ပညာရေး ကျောင်းများ နှင့် သက်မွေးပညာရေးကျောင်းများ အားလုံးလေးအန္တရာယ် ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဥ်အတွင်း ခေတ္တယာယီ ရပ်နားထားရန်မေလ ၂၅ ရက်နေ့တွင် ညွှန်ကြားထုတ်ပြန်လာတာဖြစ်ပါတယ်။
ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားမှု စဥ်ဆက်မပြတ် စေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာက မူဝါဒများလမ်းညွန်ချက်များ အတိုင်းဆောင်လုပ်ဆောင်သွားမယ် လို့ ပြောပေမဲ့ ဘယ်လိုဆက်လက် လုပ်ဆောင်မယ် ဆိုတာကို တော့ ပြောဆိုထားတာ မရှိပါဘူး။
ထုတ်ပြန်ညွှန်ကြားချက်သည် နောက်ထပ် ညွှန်ကြားချက် မထုတ်ပြန်ခင်ထိ အတည်ဖြစ်ကြောင်း နှင့် ညွှန်ကြားချက် ကို သက်ဆိုင်ရာ အဆင့်ဆင့် သော တာဝန်ရှိအဖွဲ့ အစည်းများ မှ ကြီးကြပ်ကူညီ ပူးပေါင်း ပါဝင်ဖော်ဆောင်ပေးကြပါရန် ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်က ငလျင်စဖြစ်ပွားသည့် မတ် (၂၈)က နေ မေလ ကုန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်ကြေညာသော်လည်း အပစ်ရပ်ကာလ မေ (၁၆) ရက်အထိ ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှု ပေါင်း (၄၄၅) ကြိမ်ပြုလုပ်ခဲ့ ရာ ပြည်သူ (၄၁၆) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ (၇၈၆) ဦး ရှိတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရသိရပါတယ်။
ယခုလို ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် NUG အစိုးရ လက်အောက် ပညာရေးကျောင်းများ ကို ရပ်နားထားရသော်လည်း ကချင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝမ်းက စစ်ကောင်စီ လက်အောက်ခံ ပညာရေးကျောင်းများတွင် မေလ ၂၂ ရက်ကနေ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံ လက်ခံနေပြီ ဖြစ်ပါတယ်။
တစ်ဖက်မှာ ပညာရေးကျောင်းများ ကို ဖွင့်လှစ်သင်ကြားဖို့ ပြင်ဆင်နေသော်လည်း လက်ရှိကချင်ပြည်နယ် ဗန်းမော်နှင့် ဖားကန့် ဒေသတွေမှာတိုက်ပွဲ ပြင်းထန်သည့် အတွက် ယင်းဒေသတွေမှာ ကျောင်းများ ဖွင့်လင့် နိုင်ရန်ခက်ခဲသည့်အခြေအနေ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က လက်လွတ်လိုက် သည့် ဒေသ တွေ ကို ပြန်လည် ရရှိရေး အပြင်းအထန် တိုက်ခိုက်နေသော်လည်း ကချင်ပြည်အတွင်း လက်ရှိ KIO ထိန်းချုပ် ထားသည့် ဒေသ မှာ ကလေးတွေ ရဲ့ ပညာရေး ကို လက်လက်သင်ကြားနိုင်ရန် စိုးရိမ်မှုတွေ ကြား ကြိုးစား လုပ်ဆောင်နေကြောင်းကို KIO ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းဆရာတစ်ဦးက ယခုလိုပြောပါတယ်။
“ တော်လှန်ရေး ကာ လ ဖြစ်သည့်အတွက် စစ်ကောင်စီ က မထင်ရင် မထင်သလို ဗုံးကြဲ တိုက်ခိုက်မှုများလုပ်ဆောင်နိုင်တယ်။ အခု က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံနေကြပြီ။ ဇွန်လ ဆန်းပိုင်းမှာ တော့ သင်ကြားနိုင်အောင်လုပ်နေတယ်၊ အခုချိန်မှာ ကချင်ပြည်နယ်မှာ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည့် အတွက် အဓိက တော့ မထင်မှတ်ထားတဲ့အချိန် လေကြောင်းတိုက်ခိုက်မှု တော့ စိုးရိမ်တယ် လူစုလူဝေး ရှိသည့် နေရာတွေ ကို ပစ်မှတ်ထား တိုက်ခိုက်တာဆိုတော့ လေ ” လို့ပြောပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး အုပ်ချုပ်မှု ယန္တယား ပျက်ပြားသည့်နောက် ပိုင်းမှ စ၍ ကျောင်းနေ ရွယ်လူငယ်အများ စုသည် ကျောင်းထွက်ပြီး နိုင်ငံရပ်ခြားထွက် အလုပ်လုပ်သူတွေ ယနေ့ထိရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် ၁၀ နှစ်အတွင်း ပညာ ရေးလေ့လာချက်တွင် ကျောင်းသား ၁၀၀ ရာတွင် ၈၀ ကျော်သည် ပညာရေးတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ကြပြီး တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိသူ ၂၀ ဦးသာရှိ ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
စစ်အာဏာသိမ်း ၄ နှစ်တာကာလအတွင်း စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၈၀ ကျော်တွင် အရပ်သား ၁၅၉၈ ဦးသေဆုံးခဲ့သည်။လွတ်လပ်သော သုတေသနအဖွဲ့အစည်း ISP Myanmar ၏ အစီရင်ခံစာအရ သိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း သေဆုံးမှုအများဆုံး တိုက်ခိုက်မှုများအနက်တခုဖြစ်သော ၂၀၂၃ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုသည် ကလေးငယ် ၃၄ ဦး အပါအဝင် အနည်း ဆုံး ၁၆၅ ဦး သေဆုံးစေပြီး အလောင်းအများအပြားသည် မမှတ်မိနိုင်တော့လောက်အောင် မီးလောင်ကျွမ်းခံရသည်။
စစ်ကောင်စီ အုပ်ချုပ်ပြီးနောက် ပိုင်း ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် နိုင်ငံအတွင်း ကျောင်းသားဦးရေ ၅ ဒသမ ၃ သန်း၊ ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် ကျောင်းသားဦးရေ ၇ ဒသမ ၂၃ သန်း၊ ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် ကျောင်းသားဦးရေ ၈ သန်း ကျော်နှင့် ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် ကျောင်းသားဦးရေ ၇ ဒသမ ၃ သန်း ကျော် ကျောင်းအပ်နှံ ကြောင်း သတင်းတွင်မှာ ဖော်ပြချက်အရ သိရ သည်။



Comments