top of page

စစ်ကာင်စီ၏အာဏာသိမ်း (၄)နှစ်ပြည့်နေ့တွင် အင်းတော်ကြီးဒေသ၌ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူများတိမ်ရှောင်နေရ

  • Writer: Pajau Media
    Pajau Media
  • Feb 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



စစ်ကောင်စီအာဏာသိမ်းခဲ့သည့် (၄)နှစ်ပြည့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့ နေ့လည်နှစ်နာရီခန့်တွင် အင်းတော်ဒေသ၊မိုင်းနောင်၌ KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ အရပ်သားပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။


ဖေဖော်ဝါရီ ၁ရက်နေ့တွင် ခမရ(၃၈၅)နှင့်(၃၈၆)တပ်စခန်းမှ စစ်သားအင်အား(၄၀၀)နီးပါးမှာ ဟိုပင်မှ အင်းတော်ကြီးဒေသဘက်သို့ စစ်ကြောင်းထိုးလာသောကြောင့် KIAနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။


"မနက် ၁၀နာရီလောက်က စစ်ကား(၃)စီးနဲ့ စစ်သားအင်အား(၂၀၀)ကျော်က နန့်မွန်းကချင်စု ရှမ်းနီပြည်သူ့စစ်ဂိတ်မှာ အင်းတော်ကြီးကို ခေါင်းတည်ပြီး ရပ်ထားတယ်။ နန့်မွန်းတောင်ထိပ် ဂိတ်ကနေ ခြေလျင်‌‌ဆင်းလာတာက ဗျူဟာမှူးအပါအဝင်အင်အား(၂၀၀)လောက်ရှိတယ်။ မိုင်းနောင်ဖက် နယ်မြေချဲ့မယ်လို့ ကြားနေတာက ၁ပတ်လောက်ရှိပြီမို့ အာဏာသိမ်းတာ ၄နှစ်ပြည့်နေ့မှာ ပြည်သူတွေသတိထားပြီး နေကြဖို့ လက်နက်ကိုင် အဖွဲ့အစည်းတိုင်း သတိပေးနေကြတယ်၊" ဟု ဒေသခံတစ်ဦး ဖေဖော်ဝါရီ ၁ရက်နေ့က ပြောပြသည်။



အဆိုပါတိုက်ပွဲကြောင့် မိုင်းနောင်ဒေသခံများမှာ လေကြောင်းရန် စိုးရိမ်ကာ လွှတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပြီး၊ နန့်မွန်း-အင်းတော်ကြီးလမ်းပိုင်းကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်ဟု ဆိုသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page