top of page

စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ဇွန်လအတွင်း အမျိုးသမီး (၃၄) ဦးသေဆုံး

  • Writer: Pajau Media
    Pajau Media
  • Jul 29, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊ ဇူလိုင်၊ ၂၀၂၅။


စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်း အမျိုးသမီး ( ၃၄) သေဆုံးခဲ့ပြီး၊ (၄၉) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့မှ ထုတ်ပြန်ထားသည်။


အမျိုးသမီးသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများမှာ လေကြောင်းတိုက်ခိုက်ခံရမှု၊ လက်နက်ကြီးပစ်ခတ်ခံရမှု၊ ကျည်ထိမှန်မှု၊ သတ်ဖြတ်ခံရမှု၊ မြေမြုပ်မှိုင်း၊ ရိုက်နှက်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု စသည်တို့ဖြင့် အသက်ဆုံးရှုံးရကြောင်း သိရသည်။


အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စတင်ကာ (၄) နှစ်တာ ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့သည်။


ယခုလတွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်း ကို ယခင်လများထက် ပိုမို အသုံးပြုကာ အကြမ်းဖက် လုပ်ရပ်များကို တွင်ကျယ်စွာ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။


သတင်း- ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page