စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ဇူလိုင်လအတွင် အမျိုးသမီး (၆၄) ဦးသေဆုံး
- Pajau Media

- Aug 5, 2025
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊ ဩဂုတ်၊ ၂၀၂၅။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဇူလိုင်လတွင် အမျိုးသမီး(၆၄)ဦးသေဆုံးခဲ့ရပြီး၊ (၈၀) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးမှတ်တမ်းအရ သိရသည်။
အမျိုးသမီးသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများမှာ လေကြောင်းတိုက်ခိုက်ခံရမှု၊ လက်နက်ကြီးပစ်ခတ်ခံရမှု၊ ဆေး၀ါးကုသခံယူမှု မရရှိမှု၊ မြေမြုပ်မှိုင်း၊ ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု စသည်တို့ဖြင့် အသက်ဆုံးရှုံးရကြောင်း သိရသည်။
အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စတင်ကာ (၄) နှစ်တာ ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့သည်။
ယခုလတွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်း ကို ယခင်လများထက် ပိုမို အသုံးပြုကာ အကြမ်းဖက် လုပ်ရပ်များကို တွင်ကျယ်စွာ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် အမျိုးသမီးသေဆုံးမှု ရာခိုင်နှုန်းလည်း ဇွန်လထက် ဇူလိုင်လတွင် ထက်၀က်နီးပါး ပိုမိုများပြားလာကြောင်း သိရသည်။
သတင်း- ထုဆိုင်း




Comments