top of page

စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များကြောင့် ယခုနှစ် မေလ(၁)လတာအတွင်း အမျိုးသမီး(၉၂)ဦး သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၈၁)ဦးအထိရှိခဲ့

  • Writer: Pajau Media
    Pajau Media
  • Jun 6, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၆ရက်၊ဇွန်လ၊၂၀၂၅။


စစ်ကောင်စီသည် အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်မှ ယခု ၂၀၂၅ခုနှစ် (၄)နှစ်တာကာလအတွင်း စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်လာခဲ့ရာ၊ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ယခုနှစ် မေလတစ်လတာအတွင်း အမျိုးသမီး(၉၂)ဦး သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၈၁)ဦးအထိ ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union)က ထုတ်ပြန်ထားသည်။


မေလအတွင်း နိုင်ငံတစ်ဝှမ်း အမျိုးသမီး (၉၂)ဦး အသက်ဆုံးရှုံးခဲ့ရသည့် အကြောင်းအရင်းမှာ စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်(၈၁)ဦး၊ ပြည်သူများ၏ ကျေးရွာနှင့် နေအိမ်များအား ပစ်မှတ်ထားလက်နက်ကြီးပစ်ခတ်မှုကြောင့် (၄)ဦး၊ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် (၄)ဦး၊ အကျဉ်းထောင်အတွင်း ဆေးဝါးကုသခံယူခွင့်မရသောကြောင့်(၁)ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် (၂)ဦးတို့ ဖြစ်ကြသည်။


အဆိုပါ အသက်သေဆုံးခဲ့ရသည့် အမျိုးသမီး(၉၂)ဦးထဲမှ (၂၉)ဦးတို့မှာ အသက်(၁၈)နှစ်အောက် အမျိုးသမီးငယ်များ ဖြစ်ကြောင်း သိရသည်။


ထို့အပြင် အမျိုးသမီး(၈၁)ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် (၇၀)ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၇)ဦး၊ မြေမြုပ်မှိုင်းကြောင့်(၃)ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် (၁)ဦးတို့ ဖြစ်သည်။


ထို့ကြောင့် မေလတစ်လအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီးဦးရေမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၄၁)ဦးဖြင့် အမျိုးသမီးသေဆုံးမှု အများဆုံးတိုင်းဒေသကြီးဖြစ်ခဲ့ပြီး၊ ရခိုင်ပြည်နယ်မှ (၁၆)ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ၊ မန္တလေးတိုင်းဒေသကြီးမှ (၁၄)ဦးတို့ဖြင့် တတိယအများဆုံး ဒေသဖြစ်ခဲ့သည်။ ကချင်ပြည်နယ်မှာတော့ အမျိုးသမီး (၁)ဦး သေဆုံးခဲ့ရသည်။


အကြမ်းဖက် စစ်ကောင်စီ၏ အာဏာသိမ်းမှုမှာ ၄နှစ်ပြည့်ခဲ့ပြီဖြစ်သည့်အပြင် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခြင်းကြောင့် အမျိုးသမီးများလည်း နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page