စစ်ကောင်စီ၏အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရသူများ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာကြရန် NUG အစိုးရတိုက်တွန်း
- Pajau Media

- Jul 22, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၂ရက်၊ဇူလိုင်လ၊၂၀၂၅။
စစ်ကောင်စီက အသက်အရွယ်ရသည့်လူငယ်များကို ခေါင်းစဥ်အမျိုးမျိုးဖြင့် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းနေပြီး၊ စုဆောင်းခံရသည့်လူငယ်များလည်း အခွင့်အရေးရလျှင်ရသလို တော်လှန်ရေးတပ်ဖွဲ့များထံ အလင်း၀င်လာကြရန် NUGအစိုးရက ယမန်နေ့တွင်တိုက်တွန်းပြောဆိုထားသည်။
စစ်ကောင်စီတပ်ဖွဲ့က တစ်နိုင်ငံလုံးစစ်မှုမထမ်းမနေရ တရားဥပဒေကို ပြဌာန်းကြေညာပြီး၊ အတင်းအဓမ္မတပ်သားစုဆောင်းကာ သင်တန်းပေးနေကြောင်းနှင့် စုဆောင်းခြင်းခံရသည့် လူငယ်မှာ (၇)သောင်းနီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက စစ်သင်တန်းတစ်ကြိမ်ကိုအနည်းဆုံးလူငယ်(၄၀၀၀)၀န်းကျင်အထိ စုဆောင်းသင်ကြားပေးနေကြောင်း သိရသည်။
ထို့ကြောင့် တပ်သားစုဆောင်းရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေရာ ပြည်ပထွက်ခွင့်ပိတ်ပင်ခြင်း၊ ခရီးသွားရာတွင် စစ်ဆေးတင်းကျပ်ခြင်းများ လုပ်ဆောင်နေသည်။
စစ်ကောင်စီမှ စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းပြီးနောက် နိုင်ငံအတွင်းတပ်သားစုဆောင်းခြင်းများ ပိုမိုလုပ်ဆောင်လာပြီး၊ စစ်သင်တန်းပေးနေသည်မှာ ၂၀၂၅ ဇူလိုင်လအထိ အမှတ်စဥ်(၁၅)အထိ ရောက်ရှိနေပြီ ဖြစ်သည်။
သတင်း- ပီလမ့်အူ










Comments