top of page

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့၊ အင်းတော်နှင့် ပင်လည်ဘူး မြို့များတွင် KIA ပူးပေါင်းတပ်များ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေ

  • Writer: Pajau Media
    Pajau Media
  • Sep 1, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၊ ၉၊ ၂၀၂၄



စစ်ကိုင်းတိုင်း ထီးချိုင်မြို့၊ အင်းတော်နှင့် ပင်လည်ဘူးမြို့များတွင် တိုက်ပွဲများ နေ့ည မပြတ် ပြင်းထန်နေပြီး KIA ပူးပေါင်းတပ်များအနေဖြင့် မြို့သိမ်းတိုက်ပွဲနီးစပ်နေပြီ ဖြစ်ကြောင်း မြေပြင်အနေအထားသိသူမှ ပါ‌ဂျောင်မီဒီယာသို့ ပြောလာပါသည်။


ဩဂုတ်လ ၁၅ ရက် မနက်ပိုင်းမှစတင်ကာ KIA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များမှ အင်းတော်၊ ထီးချိုင့် နှင့် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို စတင်ထိုး စစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီးယခု ဆိုလျှင် လ၀က်နီးပါးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။


စစ်ကောင်စီဘက်မှလည်း လေကြောင်းပစ်ကူများ ဆက်တိုက်ဆောင်ရွက်လျှက်ရှိနေ ပြီး စစ်ရေးအင်မတန် ပြင်းထန်နေကြောင်း သိရှိရသည်။ ၄င်းဒေသများတွင်လည်း စစ်ရှောင်ဦးရေ ၂ သိန်းနီးပါးခန့် တိုးမြှင့်လာကြောင်း ဒေသခံတစ်ဦးပြောကြားချက် အရ သိရှိရသည်။


 “အခု အခြေအနေကတော့ တော်တော်ဆိုးဆိုးပါဗျာ ... စစ်တပ်က လေယာဥ်နဲ့ ဗုံးတွေ မတရားကျဲချ တာ ... မကောင်းသူထိပ် ကောင်းသူထိပ် ဖြစ်နေတယ်ဗျ ... ကျွန်တော်တို့က အခုစစ်ရှောင်နေရတဲ့ အပြင်စားစရာတွေလည်း ပြတ်လပ်လာပြီ ... တစ်ပူပေါ် တစ်ပူ ဆင့်တယ် ဆိုရမလားပဲ” ဟု ဆိုသည်။


ထို့အပြင် KIA ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ကချင်ပြည်နယ် မိုးမောက်မြို့ကိုလည်း စစ်ကောင်စီ တပ်များမှ မြေပြင်နှင့် ဝေဟင် ပူးတွဲစစ်ဆင်‌ရေးများဖြင့် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ပိုမို ပြင်းထန်လျှက်ရှိကြောင်း သိရှိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page