top of page

စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ရစ်ချစ်တာ စကေး ၇ဒဿမ ၇ ပြင်းအားရှိသော အလွန်ပြင်းသည့် ငလျင်လှုပ်ခတ်သွား

  • Writer: Pajau Media
    Pajau Media
  • Mar 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊မတ်လ၊၂၀၂၅။




စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ မတ်လ ၂၈ရက် တွင် ရစ်ချစ်တာ စကေး ၇ဒဿမ ၇ ပြင်းအားရှိသော အလွန်ပြင်းသည့် ငလျင်လုပ်သွားကြောင်း အမေရိကန်ဘူမိလေ့လာရေး အသင်း USGS က ထုတ်ပြန်ထားသည်။


ယနေ့ နေ့လည် ၁၂ နာရီ ၅၀မိနှစ် ဝန်ကျင်းတွင် ပြင်းအား ၇ ဒဿမ ၇ အင်အားရှိသည့် ငလျင် ပထမဆုံးတစ်ကြိမ် တစ်မိနစ်ခန့် လှုပ်ခတ်ပြီး နောက် ၁၂မိနစ် လောက် အကြာတွင် ပြင်းအား ၆ ဒဿာမ ၄ ရှိသည့် ငလျင်ထပ်မံလှုပ်ခတ်ခဲ့သည်။


ငလျင်ကြောင့် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ ခံစားရပြီး အမြန်လမ်းများ ပျက်စီးခြင်း၊ တိုက်ပြိုကျခြင်း၊ တံတားပြိုကျခြင်းနှင့် အိမ်အဆောက်အအုံ အများအပြား ပြိုကျခဲ့ကြောင်းသိရသည်။


အဆိုပါ ငလျင်ကြောင့် ပျက်စီးရှုံးဆုံး၊သေဆုံးမှုကို မသိရသေးဘဲ တိုက်တာထဲတွင် ပိတ်မိနေသူများ လည်း အများအပြားရှိနေနိုင်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page