စစ်တပ်က မော်လူးမြို့အပြီး နန့်စီးအောင်ဘက် ဆက်လက်စစ်ကြောင်းထိုးနေ
- Pajau Media

- May 7
- 1 min read
ပါဂျောင်မီဒီယာ
၇ရက် မေလ ၂၀၂၆။

စစ်ကောင်စီသည် အင်းတော်၊ မော်လူးဒေသများကို ပြန်လည်တိုက်ခိုက် ထိန်းချုပ်ပြီးနောက် မြစ်ကြီးနား-မန္တလေး သွားလမ်းပေါ်ရှိ နမ့်စီးအောင်ကျေးရွာကို ဆက်လက်စစ်ကြောင်းထိုးလာကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဧပြီလပိုင်းကတည်းကစပြီး ထီးချိုင့်-ကသာလမ်းအတိုင်း အင်းတော်ဒေသဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိတွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွှာများတွင် စစ်ကြောင်းထိုး ဝင်ရောက်နေရာယူနေကြောင်း သိရသည်။
နန့်စီးအောင်ကျေးရွာတွင် ရောက်ရှိနေသော စစ်ကြောင်းကို စစ်တပ်ထောက်ခံသည့် ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဧပြီ ၃၀ရက်နေ့ကတည်းက အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် (၁၇)မိုင်အကွာက မော်လူးမြို့ကိုလည်း မေလ ၅ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့သည်။
ထို့ကြောင့် မြစ်ကြီးနား-မန္တလေး သွားလမ်းပိုင်းတွင် အချိန်မရွှေး နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ဖြစ်ပွားလာနိုင်သောကြောင့် ထိုလမ်းပိုင်းတွင် ခရီးသွားလာချိန် သတိထားစုံးစမ်းပြီး သွားလာကြရန် ပြည်သူများအချင်းချင်း သတိပေးပြောဆိုနေကြသည်။
သတင်း-ဖရိန်း




Comments