top of page

စစ်တပ်နှင့် SNAပူးပေါင်းတပ်ဖွဲ့၏ ဂျန်မာတင်ယာဥ် KIAသိမ်းပိုက်မီးရှို့

  • Writer: Pajau Media
    Pajau Media
  • Aug 19, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ သြဂုတ်၊ ၂၀၂၅။


ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်တို့ အသုံးပြုနေသည့် ဂျန်မာ(Jammer)တင်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲကြောင်း စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။


ဩဂုတ် ၁၈ရက်နေ့က မိုင်းနောင်နှင့် မမုံကိုင်တိုက်ပွဲအတွင်း SNA၏ ဂျန်မာတင်ယာဉ်ကို သိမ်းပိုက်ခဲ့​ပြီး မီးရှိုးဖျက်ဆီးခဲ့ကြောင်း သိရသည်။


ဇူလိုင်လတွင် KIAတပ်ဖွဲ့များ လက်လွှတ်ခဲ့ရသည့် အင်းတော်ကြီးဒေသ မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာကို KIAက ယခုရက်ပိုင်းတွင် ပြန်လည်တိုက်ခိုက်ခဲ့ရာ မမုံကိုင်ကျေးရွာကိုတော့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယနေ့အထိ မိုင်းနောင်ကျေးရွာတွင် စစ်ကောင်စီ၊ ရှမ်းနီပြည်သူ့စစ်နှင့် ကေအိုင်အေပူးပေါင်းတပ်ဖွဲ့များ ဆက်လက်တိုက်ပွဲ၀င်နေကြောင်း သိရသည်။


မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာကို ဇူလိုင် ၁၄ရက်နေ့တွင် စစ်ကောင်စီနှင့် စစ်တပ်လက်အောက်ခံ SNA ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်စွဲနေထိုင်ကြရာ တစ်လအကြာတွင် KIAပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page