top of page

စစ်တပ်မှ အဆင့်မြင့်စက်ပစ္စည်းနှင့် လက်နက်များ အသုံးပြုသောကြောင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ကြန့်ကြာဟုဆို

  • Writer: Pajau Media
    Pajau Media
  • Jul 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ဇူလိုင်၊၂၀၂၅။



ဗန်းမော်မြို့သိမ်းတိုက်ပွဲ (၇)လနီးပါး ကြာမြင့်လာသည်မှာ စစ်တပ်ဘက်က အဆင့်မြင့်စက်ပစ္စည်းနှင့် စစ်လက်နက်များ အများအပြား အသုံးပြုနေသောကြောင့် ဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။


"ဗန်းမော်က ခုတလော ငြိမ်နေသလိုဖြစ်နေပေမယ့်ဒရုန်း၊လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ။ သူတို့သုံးတဲ့ ဒရုန်းတွေက အရမ်းအဆင့်မြင့်တယ်၊ ကျနော်တို့ဟာနဲ့ နှိုင်းလို့တောင်မရဘူး၊ ဒရုန်း၀ဲလာတာတောင် မမြင်ရတဲ့နေရာကနေ ပစ်ချတာ။" ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။


စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရသည့် တပ်စခန်းများကို ပြန်လည်ရရှိရေး ထိုးစစ်တိုက်ခိုက်ခဲ့ရာ ဇူလိုင်အတွင်း မိုးဗြဲရှမ်းပြည်တောင်ပိုင်းနှင့် သပိတ်ကျင်းမြို့များကို ပြန်လည်သိမ်းပိုက်ခဲ့သည်။


စစ်တပ်သည် ယခုနောက်ပိုင်း အဆင့်မြင့်စက်ပစ္စည်း နည်းပညာများကို အသုံးပြုကာ တိုက်ခိုက်လာသည်ဟုဆိုသည်။


ယခုလက်ရှိ စစ်ကောင်စီတပ်ဖွဲ့မှာ ကချင်ပြည်နယ် ဖားကန့်ဒေသကို စစ်ရေးပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသည့်အပြင် ဗန်းမော်၊ မြစ်ကြီးနား၊ ၀ိုင်းမော်ဒေသများကိုလည်း စစ်ကြောင်းအသစ်ဖွင့်ကာ စစ်အင်အားအလုံးအရင်းဖြင့် တပြိုင်နက်တိုက်ခိုက်ရန် ပြင်ဆင်နေသောကြောင့် ရေလမ်း၊လေကြောင်းလိုင်းများဖြင့် စစ်လက်နက်များ သယ်ယူပို့ဆောင်နေကြကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page