top of page

စစ်တပ်ရိက္ခာသယ်ဆောင်လာသည့်ယာဉ်တန်း တိုက်ခိုက်ခံရ

  • Writer: Pajau Media
    Pajau Media
  • May 12
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ မေလ၊ ၂၀၂၆။


လတ်တလော စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်သည့် ထီးချိုင့် - ကသာလမ်းပိုင်းတွင် စစ်တပ်ရိက္ခာသယ်ဆောင်လာသည့်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် လက်နတ်ပစ္စည်းတစ်ချို့သိမ်းယူနိုင်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်များမှ သိရသည်။


စစ်ကောင်စီက ထီးချိုင့်မြို့ကနေ ကသာမြို့ဘက်ကို ရိက္ခာပို့ထွက်လာသည့် စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနှင့် မဟာမိတ်တော်လှန်ရေးတပ်တွေစုပေါင်းပြီး နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


စစ်တပ်၏ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲလည်း ဖြစ်ပွားခဲ့ကြောင်းလည်း ထပ်မံသိရသည်။


စစ်တပ်က ထီးချိုင့်-ကသာ-မော်လူးဒေသများကို ပြန်လည်ထိန်းချုပ်ပြီးနောက် မေလ၉ရက်တွင် နှစ်ရှည်ရက်ကြာပိတ်ထားသည့် မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကိုလည်း ပြန်လည်ဖွင့်လှစ်ထိန်းချုပ်လိုက်သည်။


သတင်-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page