စစ်တပ်လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကြားမှ အင်းတော်ဒေသကို KIAသိမ်းပိုက်ရရှိ
- Pajau Media

- Apr 8, 2025
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ဧပြီလ၊၂၀၂၅။
စစ်ကောင်စီတပ်ဖွဲ့မှာ ဧပြီ၂ရက်နေ့မှ ၂၂ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ယာယီရပ်နားကြောင်း ထုတ်ပြန်ကြေငြာထားသော်လည်း ဧပြီ၇ရက်နေ့တွင် စစ်ကိုင်းအစပ် အင်းတော်ဒေသသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ချိန် KIAပူးပေါင်းတပ်ဖွဲ့မှလည်း အင်းတော်ဒေသကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ဧပြီ၇ရက်နေ့တွင် အင်းတော်ဒေသသို့ စစ်တပ်၏ လေကြောင်းဖြင့် လေယာဉ်ဗုံး(၄၀)ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ရာ ည၈နာရီအချိန်တွင် အင်းတော်ဒေသကို KIAပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
အင်းတော်ဒေသကို အချိန်အတော်ကြာ ထိုးစစ်တိုက်ခိုက်ခဲ့သည်မှာ KIA, KPDF,ABSDF စသည့်တပ်ပေါင်းစု ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ လက်နက်ပစ္စည်း အများအပြားနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိကြောင်း သိရသည်။
အင်းတော်ဒေသကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဩဂုတ်လ ၊၁၆ရက်နေ့ကတည်းက KIAပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ၈လနီးပါး ကြာမြင့်ပြီးနောက်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကချင်ပြည်နယ် ဗန်းမော်ဒေသမှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေခဲ့ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနှင့် ဒရုန်းများဖြင့် နေ့စဉ်ပစ်ခတ်နေခဲ့သည်။
သတင်း - ပီလမ့်အူ
















Comments