စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးပစ္စည်းနှင့် ကျောင်းသား/သူများအတွက် သင်ထောက်ကူအသုံးအဆောင်ပစ္စည်းများလိုအပ်နေ
- Pajau Media

- Jun 26
- 1 min read
ပါဂျောင်မီဒီယာ။
၂၆ရက်၊ဇွန်လ၊၂၀၂၅။
ကချင်ပြည်နယ်၊ စစ်ဘေးရှောင်စခန်းများတွင် မိုးဦးကာလရာသီတုတ်ကွေး ဖျားနာသူများပြားနေသည့်အပြင် ကျောင်းသား/သူများအတွက် ကျောင်းသုံးပစ္စည်းများလည်း လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။
မြစ်ကြီးနား-ပူတာအိုအကြားရှိ ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် လတ်တလော ဝမ်းပျက်ဝမ်းလျှောနှင့်တုတ်ကွေးဖျားနာသူ များပြားနေပြီး၊ ဆေးဝါးပစ္စည်း မစုံလင်သည့် ပြဿနာများနှင့်ကြုံတွေ့နေရသည်ဟု ဖုန်ငိုင်ယာန်စစ်ရှောင်များက ဆိုသည်။
KIAထိန်းချုပ်နယ်မြေဖြစ်သည့်အလျှောက် KIO အစိုးရမှ ကြည့်ရှုစောင့်ရှောက်နေသော်လည်း တစ်ဖက်တွင်လက်လှမ်းမမှီသည့် အခြေအနေဖြစ်သဖြင့် ပြင်ပလူမှုကူညီရေးအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်သည်ဟုလည်း ဆိုသည်။
ထို့အပြင် KIAထိန်းချုပ်နယ်မြေမှ ပါကထောင်စစ်ဘေးရှောင်စခန်းတွင်လည်း ကျောင်းသုံးပစ္စည်းများ လိုအပ်နေပြီး၊ စာကြည့်စားပွဲ၊ထိုင်ခုံနှင့် အခြားလိုအပ်သည့် ပစ္စည်းများစွာ ရှိနေကြသောကြောင့် စာသင်ကြားရေးတွင် အခက်အခဲဖြစ်နေသည်။
အလားတူ ဝိုင်းမော်-ခါနန်ဒေသခံများ စစ်ရှောင်နေကြသည့် ဒိန်ဂွမ်ယာန်စစ်ဘေးရှောင်စခန်းတွင်လည်း လတ်တလော မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် အမိုးမိုးထားသည့် အမိုးအကာအကွယ်များ ပေါက်ပြဲပျက်စီးသွားသဖြင့် အရေးပေါ် အကူအညီများ လိုအပ်နေကြကြောင်း စစ်ရှောင်များထံမှ သိရသည်။
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် ထီးအပါအဝင် ကျောင်းသုံးပစ္စည်းများ လိုအပ်နေကြပြီး၊ မိုးရာသီအဖြစ်များလေ့ရှိသည့် ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ရာသီတုတ်ကွေး ပြန်လည်ဖျားနာသောကြောင့် ဆေးဝါးပစ္စည်းမှအစ အကူအညီများ လုပ်အပ်နေကြခြင်း ဖြစ်သည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် နေ့စဉ်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းကျော်အထိ ရှိလာပြီဖြစ်ပြီး၊ လက်ရှိအချိန်ထိ ဆက်လက်တိုးလာနေဆဲဖြစ်သော်လည်း အကူအညီထောက်ပံ့မှုမှာ နည်းသထက်နည်းလာနေကြောင်း သိရသည်။
သတင်း - ပီလမ့်အူ









Comments