စစ်ရေးတင်းမာနေသည့် ဖားကန့်ဒေသတွင် မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်နေ
- Pajau Media

- Oct 13
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ရေးတင်းမာနေသည့် ဖားကန့်ဒေသတွင် KIOမူးယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့များနှင့် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းကာ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်လာခဲ့ရာ၊ မူးယစ်ရောင်းဝယ်သုံးစွဲသူများကို ပစ္စည်းအပါ ဖမ်းဆီးထိန်းသိမ်းနိုင်ကြောင်း KIAသတင်းဌာနက ထုတ်ပြန်ထားသည်။
ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ဇွန်၊ ဇူလှိုင်နှင့် ဩဂုတ်လအတွင်း စစ်ရေးတစ်ဖန် တင်းမာကာ တိုက်ပွဲများဖြစ်ပွားလာသောကြောင့် မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းများကို ယာယီရပ်နားထားခဲ့သော်လည်း စက်တင်ဘာလမှစ၍ လုပ်ငန်းပြန်လည် လုပ်ဆောင်ခဲ့ကြာင်း သိရသည်။
တစ်လအတွင်း မူးယစ်ရောင်းဝယ်သုံးစွဲသူ (၁၆)ဦး၊ ရာမ(၁၆၂၄)လုံး၊ အထုတ်(၂၅၀)၊ ဘိန်းဖြူပိုက်ကြီး (၂၇)၊ ပိုက်သေး(၂၈)၊ ဘိန်းမဲ(၅)ထုတ်နှင့်အတူ ဖုန်း၊ ဆိုင်ကယ်၊ ပိုက်ဆံများကို ဖမ်းဆီးရမိထားပြီး၊ သက်ဆိုင်ရာသို့ လွဲအပ်ထားကြောင်း သိရသည်။
KIOအစိုးရက မူးယစ်ဆေးဝါးမှာ အမျိုးသားအားလုံးအတွက် ဘုံရန်သူဖြစ်သောကြောင့် မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သလို ကချင်ပြည်နယ်အတွင်း သိမ်းပိုက်ထားပြီး မြို့၊ ကျေးရွာများတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ချမှတ်ထားသည့် လုပ်ငန်းစဉ်အတိုင်း အားသွန်ခွန်စိုက် လုပ်ဆောင်နေကြသည်ဟု ပြောသည်။
တရုတ်နယ်စပ်ဖြစ်သည့် ကန်ပိုင်တည်၊ ချီဖွေ၊ ပန်ဝါ စသည့် ဒေသများတွင်လည်း ယခင်က နယ်ခြားစောင့်တပ်များ အုပ်ချုပ်စဉ် မူးယစ်ဆေးဝါးကို အဓီကစားဝတ်နေရေးအဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသောကြောင့် လက်ရှိအချိန် KIOမူးယစ်တိုက်ဖျက်ရေး ကော်မတီများမှ မူးယစ်တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ပီလမ့်အူ



Comments