top of page

စစ်ရေးသတင်းရင်းမြစ်များအဆိုအရ(၅)လနီးပါးကြာမြင့်လာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း မြို့ဧရိယာ၏ ၇၅% သော တိုက်တာအဆောက်အအုံများထိခိုက်ပျက်စီးဆုံးရှုံးခဲ့

  • Writer: Pajau Media
    Pajau Media
  • May 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၂ရက်၊မေလ၊၂၀၂၅။




တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့တွင် စစ်ကောင်စီမှပြီးခဲ့သည့် တစ်ပတ်တာကာလအတွင်း Y-12လေယာဉ်ဖြင့် ဗုံး(၇၅)ကြိမ်၊ ဒရုန်းဖြင့် ဗုံး(၇၅)ကြိမ်၊ ဂျက်ဖိုက်တာဖြင့် (၁၉)ကြိမ်နှင့် လက်နက်ကြီးဖြင့် (၈၂)ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း KIAသတင်းဌာနက ဖော်ပြထားသည်။


ဗန်းမော်မြို့သိမ်းတိုက်ပွဲ (၅)လနီးပါး ကြာမြင့်လာချိန် KIAပူးပေါင်းတပ်ဖွဲ့များက မြို့တွင်းရှိ စစ်ကောင်စီတပ်များ တပ်စွဲနေရာယူထားသည့် တပ်စခန်းနေရာအများစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။


မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီမှလေကြောင်း၊ဒရုန်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဗန်းမော်မြို့တွင်း ထိခိုက်ပျက်စီးမှုမှာ ၇၅ရာခိုင်နှုန်းအထိ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရပြီးဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များက ဆိုသည်။


KIAပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ထိုးစစ်တိုက်ပွဲများ ဆက်လက်ဖော်ဆောင် တိုက်ခိုက်နေသည့်အပြင် လက်ရှိမှာတော့ စကခ(၂၁)၊ ခလရ(၄၇)တပ်စခန်းနှင့် စစ်ကောင်စီတပ်များ နေရာယူတပ်စွဲထားသည့် အခြားတပ်စခန်း ၇ခုလောက်သာ ကျန်ရှိတော့ကြောင်းသိရသည်။


မေလကုန်ပိုင်းအထိ ယာယီအပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်ဆောင်နေသလို လေကြောင်း အသုံးပြုခြင်းဖြင့်လည်း ဗန်းမော်မြို့လက်မလွှတ်ရရေး ဆက်လက်ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page