စစ်သင်္ဘောများ ထီးချိုင့်မြို့သို့ရောက်ရှိနေပြီဖြစ်သောကြောင့် မြစ်ကမ်းနားနေထိုင်သူများ ရှောင်တိမ်းရန်BPDFမှသတိပေးထုတ်ပြန်
- Pajau Media

- Jul 23, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၃ရက်၊ဇူလိုင်၊၂၀၂၅။

စစ်ကောင်စီ၏စစ်သင်္ဘောများ ထီးချိုင့်မြို့သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဗန်းမော်ခရိုင်အတွင်း မြစ်ကမ်းနားရှိ ပြည်သူများအနေဖြင့် အမြန်ဆုံး အရေးပေါ်ပြောင်းရွှေ့ကြရန် ဗန်းမော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏စစ်သင်္ဘောများ တက်လာသည်နှင့်အမျှ လေကြောင်း၊ရေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာမည်ဖြစ်သဖြင့် ပြည်သူများအနေနှင့် မြစ်ကမ်းနားတစ်လျှောက်သွားလာခြင်း၊ပွဲလမ်းသဘင် ပြုလုပ်ခြင်းနှင့် လူစုလူဝေးပြုလုပ်ခြင်းများ မပြုလုပ်ကြရန် နိုးဆော်ထားပြီး စစ်သင်္ဘောများ စုန်ခြင်း၊ဆန်ခြင်း ကင်းစင်ပြီးမှသာ မိမိနေရပ်သို့ သွားလာနေထိုင်ကြရန် ပြောဆိုထားသည်။
ယမန်နေ့တွင် ထီးချိုင့်မြို့သို့ ရောက်ရှိလာသည့် စစ်သင်္ဘောများမှာ ယနေ့တွင် အထက်ဘက်သို့ ဆက်လက်ဆန်တက်ခဲ့ကြောင်းသိရပြီး အဆိုပါစစ်သင်္ဘောများမှာ ပြီးခဲ့သည့် ဇူလိုင်၁၇ရက်နေ့ကတည်းက မန္တလေးမြို့မှ ဆန်တက်လာခြင်းဖြစ်သည်။
သတင်း - ထုဆိုင်း




Comments