top of page

ဆောင်းအဝင် စစ်ရှောင်များ အနွေးထည်နှင့် စောင်များ အရေးတကြီးလိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • Dec 11, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။



နမ္မတီးကျေးရွာသို့ တိမ်းရှောင်လာကြသည့် ဖားကန့်လမ်းနှင့် လီဒိုလမ်းပေါ်မှ စစ်ရှောင်များ အစားအသောက်အပြင် အနွေးထည်၊ စောင်များ လိုအပ်နေကြကြောင်း စစ်ရှောင်များထံမှ သိရသည်။


နမ္မတီးဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဖားကန့်လမ်းတစ်လျှောက်နှင့် တနိုင်း-လီဒိုလမ်းပေါ်မှ ဒေသခံများမှာ အနွေးထည်နှင့် အစားသောက်များ လိုအပ်နေကြပြီး၊ မိသားစုဝင်များပြားသည့် အိမ်ထောင်စုများမှာ ပို၍ခက်ခဲနေကြသည့်အပြင် ကူညီထောက်ပံ့မှုများလည်း လျော့နည်းလာသောကြောင့် ပိုမိုခက်ခဲနေကြရသည်ဟု ဆိုသည်။


အဆိုပါဒေသခံ စစ်ရှောင်များမှာ လီဒိုလမ်းနှင့် ဖားကန့်လမ်းတစ်လျှောက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်ဆောင်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ကြပြီး၊ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသေးသည့် အခြေအနေဖြစ်သောကြောင့် နေရပ်ရင်းသို့ ပြန်လာလမ်းမရှိသေးဘူးဟု စစ်ရှောင်များက ပြောသည်။


တနိုင်း-လီဒိုလမ်းတစ်လျောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ ဆက်တိုက်စစ်ကြောင်းထိုး လှုပ်ရှားမှုများ လုပ်ဆောင်နေဆဲဖြစ်သောကြောင့် ဒွမ်ဘုန်ချောင်း၊ လဝါးကျေးရွာ၊ ကွမ်ဆိုင်ယန်၊ ဝါရာဇွပ်၊ ရှဒူးဇွပ်ကျေးရွာ စသည့်ကျေးရွာများမှ ဒေသခံများမှာ နမ္မတီးဒေသသို့ တိမ်းရှောင်လာခဲ့ကြရပြီး၊ ဖားကန့်လမ်း နန့်ယားကျေးရွာမှ ဒေသခံများလည်း ပါဝင်ကြောင်း သိရသည်။


လက်ရှိ နမ္မတီးကျေးရွာအတွင်း စစ်ရှောင်စခန်း(၆)ခုအထိ ရှိနေပြီး၊ ဆောင်းရောက်သည်နှင့်အမျှ အနွေးထည်၊ စောင်များ အရေးတကြီးလိုအပ်နေကြကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page