top of page

ဆုံးဖြတ်ချက်ချရမည့်အချိန် ကျော်လွန်သွားပါက ပြင်ဆင်ခွင့် မရနိုင်သော ခရီးကြမ်းတွင် လျှောက်လှမ်းကြရမည်ကို သတိပေးလိုပါသည်ဟု ဗိုလ်ချုပ်ဂွမ်မော်သတိပေး

  • Writer: Pajau Media
    Pajau Media
  • Mar 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



မတ်လ တတိယအပတ်မှစပြီး ကချင်ပြည်နယ် မြို့နယ်အများအပြားတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းပြီးနောက် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာတွေ ရောက်ရှိနေတဲ့အပေါ် KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က လူငယ်များ “ဆုံးဖြတ်ချက်ချရမည့်အချိန် ကျော်လွန်သွားပါက ပြင်ဆင်ခွင့် မရနိုင်သော ခရီးကြမ်းတွင် လျှောက်လှမ်းကြရမည်” ဟု ယမန်နေ့က ဗိုလ်ချုပ်ကြီး၏ ဖေ့ဘုတ်စာမျက်နာမှတစ်ဆင့် သတိပေးလိုက်သည်။


ဗိုလ်ချုပ်ကြီးက ဘယ်လမ်းကိုရွေးမလဲ? ကချင်ဘာသာဖြင့် “Gara Lam De Hkawm Na” ဆိုသည့် မြန်မာ၊ ကချင် ဘာသာနှစ်မျိုးဖြင့် ရေးသားသတိပေးလိုက်ခြင်းဖြစ်သည့်အပြင် စာထဲတွင် “စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်သည်မှာ ရက်ပေါင်း (၄၀) ရှိပြီဖြစ်သည်။ အိမ်အပြင်မထွက်ဘဲ နေနေလျှင် လုံခြုံရမည်ဟု ယူဆသူအများအပြား ရှိသည်ကို သုံးသပ်ရသည်။ ယခုဆိုလျှင် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာပို့ပြီး ခေါ်ဆောင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဆုံးဖြတ်ချက် ချရမည့်အချိန် ကျော်လွန်သွားပါက ပြင်ဆင်ခွင့် မရနိုင်သော ခရီးကြမ်းတွင် လျှောက်လှမ်းကြရမည်ကို သတိပေးလိုပါသည်။” ဟု လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။


စစ်ကောင်စီသည် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် အသက်သွင်း ကြေညာလိုက်ပြီး၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့များတွင် စစ်မှုထမ်းလူငယ်များ စာရင်းကောက်ခံမည့် ဆင့်ခေါ်စာများကို အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ရောက်ရှိနေပြီဖြစ်သည်။



Comments


Pajau Media

Thanks for subscribing!

bottom of page