top of page

ဆွမ်ပီယာန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှုများပြန်လည်ပြုလုပ်လာသောကြောင့် တိုက်ပွဲဖြစ်ပွားမည်ကိုဒေသခံများစိုးရိမ်နေ

  • Writer: Pajau Media
    Pajau Media
  • Jul 9, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၉ရက်၊ဇူလိုင်လ၊၂၀၂၅။


ပူတာအို-မြစ်ကြီးနားသွားလမ်းပေါ်ရှိ ဆွမ်ပီယာန်ကျေးရွာတွင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လဆန်းကတည်းက စစ်ကြောင်းလှုပ်ရှားမှုများ ပုံမှန်လှုပ်ရှားလာသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။


ဆွမ်ပီယာန်ကျေးရွာအတွင်း စစ်ကောင်စီတပ်များ နေရာယူတပ်စွဲထားသည်မှာ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မေလကတည်းကဖြစ်ပြီး၊ လက်ရှိတွင် စစ်အင်အားပြန်လည်ဖြည့်တင်းကာ လတ်တလောစစ်ရေးလုပ်ရှားမှုများ ရှိလာသောကြောင့် တိုက်ပွဲပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်ဟု ဆွမ်ပီယာန်ဒေသခံတစ်ဦးက ‌ပြောသည်။


“အခုက ဆွမ်ပီယာန်ကျေးရွာမှာ စစ်တပ်က တပ်စွဲနေရာယူထားလို့ စိုးရိမ်ပြီး တိမ်းရှောင်နေတာ တစ်နှစ်ကျော်လာပြီ။ သူတို့က စစ်ရေားလှုပ်ရှားလာတာတွေ ဆက်တိုက်လုပ်လာတယ်။ ရွာကို ပစ်ထားတာ တစ်နှစ်ကျော်လာတဲ့အထိ သွားမကြည့်ရသေးဘူး။ သူတို့ဆက်တိုက်လှုပ်ရှားလာတော့ သတိထားရမဲ့ အခြေအနေဖြစ်နေတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ဆွမ်ပီယာန်ကျေးရွာရှိ တပ်စခန်းတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက စစ်အင်အားအလုံးအရင်းဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး၊ လုံရှာယာန်‌ကျေးရွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားနေကြသည်ဟု ဆိုသည်။


လတ်တလော မြစ်ကြီးနား-ပူတာအိုသွားလမ်းရှိ တန်ဖရဲစစ်ဆေးရေးဂိတ်တွင်လည်း ဖြတ်သွားဖြတ်လာ ပြည်သူများကို စစ်ဆေးရေးတင်းကြပ်ထားပြီး၊ ပူတာအို၊ဆွမ်ပရာဘွမ့်၊အင်ဂျန်းယာန် မှတ်ပုံတင်ကိုင်ဆောင်သူများကိုသာ ဖြတ်သန်းခွင့်ပေးနေသည့် အခြေအနေဖြစ်သည်ဟုလည်း ခရီးသွားပြည်သူများက ပြောသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page