top of page

ဆော့လော်မြို့ကို (KIA ) ပူးပေါင်းတပ်ဖွဲ့များ ထပ်မံတိုက်ခိုက်သိမ်းပိုက်

  • Writer: Pajau Media
    Pajau Media
  • Oct 2, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊အောက်တိုဘာ၊၂၀၂၄။



ကချင်ပြည်နယ် ဆော့လော်မြို့ အတွင်းက ခ.လ.ရ (၂၉၈) တပ်ကို အောက်တိုဘာ ၂ ရက်နေ့ မနက်၇ နာရီ အချိန်တွင် (KIA ) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း (KIA ) ရှေ့တန်း သတင်းအရင်းအမြစ်မှ သိရသည်။


စက်တင်ဘာ၂၉ ရက်နေ့ကနေ ချီဖွေမြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဆော့လော်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၂ ရက်နေ့ မှာ သိမ်းပိုက်နိုင်တာဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။


“ ဆော့လော်ကို ဒီမနက်ပိုင်း သိမ်းလိုက်ပြီ၊ လက်ရှိပြည်သူတွေ ရဲ့အခြေအနေက ထွက်ပြေးတဲ့သူတွေလည်းများတယ်၊ ချီဖွေမှာက ညတိုင်းလိုလို လေယာဉ်နဲ့လာပစ်တော့ မနေရဲကြဘူး,တိုက်ပွဲတွင်း ပြည်သူထိခိုက်မှုက အသေးစိတ်တော့ မသိရသေးဘူး” ဟုဆိုသည်။


တိုက်ပွဲအတွင်း ပြည်သူ ထိခိုက်သေဆုံးတာတွေကြားရပေမဲ့ အသေးစိတ်အချက်အလက်သိရှိနိုင် ဆက်လက်စုံစမ်းနေကြောင်းသိရသည်။ စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရသည့် နေရာများကို လေကြောင်းလိုင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများရှိနေပြီး သိမ်းပိုက်ထားပြီဖြစ်တဲ့ ချီဖွေမြို့မှာလည်း ညသန်းခေါင်ယံ အချိန်များတွင် လေယာဥ်ဗုံးကျဲခြင်းများ ပုံမှန်လုပ်ဆောင်နေကြောင်းသိရသည်။ ချီဖွေနှင့်ဆော့လော်မြို့ကို KIAသိမ်းပိုက်ထားပြီဖြစ်သော်လည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် သတိထားနေရကြောင်း ဆက်လက်သိရသည်။


ချီဖွေမြို့ အုပ်ချူပ်ရေးရုံး၊ ရဲစခန်း၊ ဆေးရုံ နှင့် အခြားဌာနဆိုင်ရာရုံးအားလုံးကို ချိတ်ပိတ်လိုက်ပြီး KIO အုပ်ချုပ်မှု ဆက်လက် လည်ပတ်နိုင်ရန်လုပ်လျက်ရှိကြောင်းလည်းသိရသည်။ချီဖွေမြို့သည် ကချင်အထူးဒေသ (၁) NDAK ဉက္ကဌ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်မှုနေမြေဖြစ်ပြီး ၂၀၂၂ ချီဖွေမြို့ အုပ်‌ရေးရုံးစာရင်းအရ လူဦးရေ ၂၂,၀၉၂ ထိရှိကြောင်းဖော်ပြထားသည်။


(KIA ) ပူးပေါင်းတပ်ဖွဲ့များထိုးစစ်ဆင်မှုနောက်ပိုင်း အထက်ပါ မြို့ နှစ်မြို့ အပါအဝင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၊ မြစ်ကြီးနားမြိုနယ်အတွင်းက အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တို့အပါအဝင် မြို့ပေါင်း ၁၁ မြို့ခန့်အထိ သိမ်းပိုက်နိုင်ထားပြီဖြစ်ကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page