top of page

ဆမ်ပိုင်ကျေးရွာ လေကြောင်းပစ်ခတ်ခံရ

  • Writer: Pajau Media
    Pajau Media
  • Mar 4
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊မတ်လ၊၂၀၂၆။


ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာအုပ်စု ဆမ်ပိုင်ကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


မတ်လ၂ရက်နေ့ညတွင် ဂါးရာယန်ကျေးရွာအုပ်စု ဆမ်ပိုင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးလေကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သောကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။


လေယာဉ်ဗုံးမှာ ဆမ်ပိုင်ကျေးရွာမှ သင်းထောက်အင်ထွမ်ဇော်အောင်နေအိမ်တွင် ၂ကြိမ်နှင့် လိုင်လောတံတားတွင် ၂ကြိမ် ကျရောက်ပေါက်ကွဲကာ နေအိမ်နှင့် အိမ်သုံးပစ္စည်းများ ထိခိုက်ပျက်စီးသွားပြီး၊ အရပ်သားထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။


ဆမ်ပိုင်ကျေးရွာတွင် လက်ရှိ စစ်ဘေးရှောင်ပြည်သူများ ပြည်လည်ထူထောင်ရေးဖြင့် ပြန်လည်အခြေချ စတင်နေထိုင်လာခဲ့ရာ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက် ဗုံးကြဲပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page