top of page

ဆယ်စုနှစ် ကျော်နေထိုင်ခဲ့ သည့် မိုင်းနားစစ်ရှောင်စခန်းပိတ်သိမ်းတော့ မှာ ဖြစ်သည့် အတွက် နေရပ်ပြန်ရွေ့ပြောင်းမှု များ စတင်လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 2
  • 2 min read

Updated: Aug 3

ပါဂျောင်မီဒီယာ

သြဂုတ်လ ၂. ၂၀၂၅



ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲ ကြောင့် ထွက်ပြေးတိမ်းရှောင်သူဦးရေ တစ်နေ့တစ်ခြား ပိုပို တိုးလာနေဆဲ ဖြစ်ပေမဲ့ မြို့အတွင်း စစ်ရှောင်စခန်းတွေကို ပိတ်သိမ်းမှု တွေ လုပ်လာသည့်အတွက် စခန်းအတွင်းရှိ စစ်ရှောင်များ နေရပ်ပြန်ရန် မျှော်လင့်နေသောအိပ်မက်သည် တစ်ချို့အတွက် အမှန်တကယ်ဖြစ်လာသော်လည်း ပြန်သွားဖို့အတွက် ခက်ခဲမှုများစွာရှိနေဆဲဖြစ်သည်။


ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်နောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ကြောင့် နေရပ်စွန့် ခွာ ပြည်သူ အများ ပိုင်းတိမ်းရှောင်နေထိုင်နေသည့် ဝိုင်းမော် မိုင်းနား KBC စစ်ရှောင်စခန်း ကို လာမည့်၂၀၂၆ မတ်လ ၃၁ နောက်ဆုံး ထား ရွေ့ပြောင်းဖို့ဖြစ်လာပြီး တစ်ချို့က နေရပ်ပြန်ပြီး ရွေ့ပြောင်းမှု စတင်လုပ်ဆောင်နေသော်လည်းတစ်ချို့က အတွက် တော့ နေရပ်ပြန်ဖို့အရေး စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက အခုလိုပြောသည်။


ဒီနေရာမှာ နေလာတာလည်း အရမ်းကြာလာပြီ၊ ဝိုင်မော်ဇုံနယ် ရဲ့ နယ်မြေပေါ့နော်၊ သူတို့လည်း ဒီနေရာမှာ အသက်မွေးဝမ်းကျောင်းပညာတွေ နဲ့ ပတ်သက်တဲ့ ကျောင်းတွေ ဖွင့်တော့မှာမို့ စစ်ရှောင်တွေက နေရာရွေ့ရတော့မယ်, သူတို့ က ကြိုတင်စာတင်ပြီးတော့ အသိပေးတာတွေရှိတယ်, ဘယ်သူမဆို ကိုယ့်နေရပ်မှာနေပြီး လုပ်ကိုင်စားသောက်တာက ပိုပြီး ကောင်းတာပေါ့နော် အကုန်လုံးပြန်ချင်တဲ့သူတွေပဲ ဒါမဲ့ မိသားစု တစ်စုနဲ့တစ်စုက အခက်အခဲ မတူကြဘူး၊ ပြီးတော့ စစ်ရေး လည်း ငြိမ်းချမ်းသေးတာမဟုတ်ဘူးလေ တစ်ချို့မိသားစုတွေ မှာ ကျောင်းတက်တဲ့ ကလေးတွေရှိတယ်, ကျောင်းပြီးအောင်တက်ရမှာ နေရပ်ပြန်ရင်တော့ ကလေးတွေ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းအလုပ်တွေအစ စိတ်ပူကြတယ်၊ ဘယ်လိုဖြစ်ဖြစ်ဒီနေရာက နေတော့ ပြောင်းရတော့မှာပေါ့ မိုင်းနား KBC စစ်ရှောင်စခန်းတာဝန်က ပြောဆိုထားပါတယ်။


အချို့သောစစ်ရှောင်များသည် မိမိတို့လွှတ်မြောက်နေမြေများသို့ ပြန်လည်နေထိုင်ဖို့ စတင်ထားကြပြီး၊ ကိုယ့်အိမ်ပိုင် ခြံဝန်းများတွင် အသေးစားစိုက်ပျိုးရေးလုပ်ငန်းများစတင်ကာ ဘဝသစ်တည်ဆောက်ရန် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။


သို့သော် ငွေကြေးအခက်အခဲများ၊ သားသမီးများ၏ ပညာရေးနှင့် တည်ငြိမ်မှုမရှိသေးသော စစ်ရေးအခြေအနေများကြောင့် နေရပ်ပြန်နိုင်ရေးအတွက် ဆုံးဖြတ်ရန်ခက်ခဲနေကြောင်း သိရသည်။


လက်ရှိကချင်ပြည်နယ်အတွင်း တိုက်ပွဲ များသည် တင်းမာနေဆဲဖြစ်ပြီး ဝိုင်းမော်ဘက်မှာလည်း နေ့စဥ်နေ့တိုင်း ဆိုသလို လေယာဥ်ဗုံးလာကြဲတာတွေ၊ ဒရုံးနဲ့ လာပစ်တာတွေ ရှိသည့်အတွက် အထူးသဖြင့် မြစ်ကြီးနား၊ ဝိုင်းမော်အနီးဒေသများတွင် တိုက်ပွဲပြင်းထန်လာနိုင်သည် ဟု စစ်ရေးသတင်းလေ့လာသူ တွေ ကပြောဆိုပါတယ်။


မိုင်းနားစခန်းသည် ယခင်က လုံခြုံစိတ်ချစွာနေနိုင်သောနေရာတစ်ခုဖြစ်ခဲ့သော်လည်း၊ ယခုအချိန်တွင်တော့ စစ်ရေးအရရော လုံခြုံမှုမရှိတော့ပါဘူး။ ဒီအခြေအနေတွေ ကြောင့် နေရပ်ပြန်ဖို့အတွက် ပဲ ကိုယ့်နေရပ်ပြန်ဖို့ပဲ ဆုံးဖြတ်တယ်လို့ စစ်ရှောင်ပြည်သူ အမျိုးသမီးက ပြောပါတယ်။


 ဒီ စစ်ရှောင်စခန်းမှာ နေလာတာလည်း ကြာခဲ့ ပြီ ဆိုတော့ အခု က ကိုယ့်နေရပ်ပြန်ကြစို့ ဆိုပြီး သက်ဆိုင်ရာအသင်းတော်က ဆရာတွေ လည်း ခေါ်နေကြပြီ၊ အရင်ကလည်း တစ်ခေါက် နေရပ်ပြန်တဲ့အထဲမှာလည်း ပါခဲ့တယ် ဒါပေမဲ့ စစ်ပြန်ဖြစ်လာတော့ စစ်ရှောင်စခန်းထဲ ပြန်ရောက်လာတယ်၊ အခုတော့ လွှတ်မြောက်နယ်မြေလည်း ဟုတ်တယ်။


 အသင်းတော်က သင်းအုပ်ဆရာဆရာမတွေ ကလည်း နေရပ်ပြန်ဖို့ ပြောလာတယ်၊ အသင်းတော်က ဦးဆောင်ပြီး ပြောလာတော့ ကိုယ်မပြန်ရင်လည်း နောက်ပိုင်းဖြစ် လာရင် ပိုဆိုးမှာ အဲတာကြောင့် ကျွန်မတို့ မိသားစုတွေက နေရပ်ပြန်ဖို့ ဆုံးဖြတ်ပြီး ရွေ့ပြောင်းမှုတွေ လုပ်နေပါတယ်။


လွှတ်မြောက်နယ်မြေတွေမှာ ဒေသခံအာဏာပိုင်များ၊ အစိုးရနှင့် အလှူအဖွဲ့အစည်းများအနေဖြင့် စစ်ရှောင်များပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေး၊ နေရာချမှု၊ထောက်ပံ့မှုနှင့် ပညာရေးဆိုင်ရာများကို ပိုမိုကောင်းမွန်အောင် စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်နေပါတယ်။ နေရပ်ပြန်တယ် ဆိုသော်လည်း အရာအားလုံး စိတ်ချယုံကြည်မှုရှိ သည့် အတွက် ပြန်ကြတာတော့ မဟုတ်ပါဘူး၊ လွှတ်မြောက်နယ်မြေဆိုသော်လည်း လက်ရှိ ကချင်ပြည်နယ် အတွင်း စစ်ရေးတင်းမာသည့် အခြေအနေမှာ လေယာဥ်ရန်ကို စိုးရိမ်နေရတယ်လို့ နေရပ်ပြန်ပြည်သူ အမျိုးသမီးက ဆက်ပြောသည်။


 အခုတော့ လွှတ်မြောက် နယ်မြေဖြစ်ပြီ၊ မိမိဒေသကို ပြန်ခွင့်ရပြီလို့ ပျော်တာက တစ်ပိုင်း ပေါ့ လုံခြုံရေးအပိုင်းလည်း စိတ်ချရပြီ လို့ ပြန်တယ်ပေါ့ ကိုယ့်ကို ကိုယ်လည်းယုံကြည်ချင်တယ်ပေါ့ နော့ ဒါပေမဲ့ အပေါ်က လေယာဥ်ကိစ္စက အရမ်းစိတ်ဒုက္ခ ရောက်ရတယ်, အဲတာတစ်ခုပဲ။


မိုင်းနား စစ်ရှောင်စခန်းကို လာမည့် ၂၀၂၆ မတ်လ နောက်ဆုံး ထား စစ်ရှောင်စခန်းပိတ်သိမ်းတော့မှာဖြစ်ပါတယ်။ စစ်ရှောင်တွေ နေထိုင်သည့် နယ်မြေက ဝိုင်းမော်ဇုံနယ် ရဲ့ နေရာမြေဖြစ်ပြီးတကျော့ပြန်တိုက်ပွဲကြောင့် တိမ်းရှောင်သည့် စစ်ရှောင်တွေကို နေထိုင်ခွင့် ပေးထားတာ ဆယ်စုနှစ် တစ်စုရှိလာပြီ ဖြစ်သည့် အတွက် နေရပ်ပြန်ကာ မိမိဒေသ နေမြေ ကို ပြန်လည် ထူထောင်ရေးများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်စေဖို့ ဖြစ်တယ် လို့ အသင်းတော် ဦးဆောင်သူ တွေ က လည်း ဆိုထားပါတယ်။


မိုင်းနားစစ်ရှောင်စခန်းသည် လွန်ခဲ့သည့် ၂၀၁၁ တိုက်ပွဲ ကြောင့် စစ်ရှောင်ပြည်သူအိမ်ထောင်စု ရာချီနေထိုင်ရာ မြို့တွင်း အကြီး ဆုံးစစ်ရှောင်စခန်းဟုဆိုနိုင်သည်။ မိုင်းနားစစ်ရှောင်စခန်းမှာ ၂၀၂၃ ရှေ့ပိုင်းမှာတော့ စစ်ရှောင် အိမ်ထောင်စု ၅၀၀ ကျော်နေထိုင်တာဖြစ်ပြီး တစ်ချို့က နေရပ်ပြန်ကာ ခြုံလုပ်ရင်းနဲ့ နေထိုင်သည့် သူတွေ၊ တစ်ချို့ က မြို့တွင်း အခြေချလာကာ ၂၀၂၅ စာရင်းအရ အိမ်ထောင်စု (၄၆၁) ရှိနေသေးကြောင်းလည်း သိရပါတယ်။


သတင်းဆောင်ပါး- ပီးလာမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page