top of page

ဆယ်ဇင်းတွင်တပ်စွဲထားသည့် ရှမ်းနီပြည်သူ့စစ်တပ်နှင့် စစ်ကောင်စီတပ်စခန်းတစ်ချို့ကို KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

  • Writer: Pajau Media
    Pajau Media
  • Nov 19, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၉ရက်၊နိုဝင်ဘာ၊၂၀၂၄။





KIA တပ်မဟာ(၉) ‌ဒေသ စစ်ကိုင်း-ကချင်အစပ်တွင်တပ်စွဲထားသည့် ရှမ်းနီ ပြည်သူ့စစ်နှင့် စစ်ကောင်စီ ပူးပေါင်းတပ် စခန်းတစ်ချို့ကို KIA ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁၉ မနက် (၅း၀၀) နာရီခန့် အချိန်တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်မှ သိရသည်။


KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်လိုက်သည့် နေရာသည် စစ်ကိုင်း-ကချင် အစပ် ရှိဆယ်ဇင်း စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီ SNA ပြည်သူ့စစ်များ တပ်စွဲထားသည့် နေရာဖြစ်ပြီး၊ အနီးပတ်ဝန်းကျင်မှ စစ်ကောင်စီ တပ်စခန်းတစ်ချို့ကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်လိုက်ကြောင်းသိရသည်။


စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီမှ လေယာဥ်နှင့်လက်နက်ကြီးများဖြင့် ပစ်ကူမှုများရှိပေမဲ့ KIA ပူးပေါင်းတပ်ဖွဲ့များမှ စစ်သုံ့ပန်းနှင့်အတူ လက်နက်ခဲယမ်း များကို သိမ်းယူနိုင်ခဲ့သည်ဖြစ်ကြောင်းလည်းသိရသည်။ တိုက်ပွဲအတွင်း အကျအရှုံးနှင့်တိုက်ပွဲအခြေအနေကို ဖုန်းလိုင်းအဆက်အသွယ် အခက်အခဲရှိသောကြောင့် အသေးစိတ် သိရှိနိုင်ရန်ခက်ခဲနေဆဲဖြစ်သည်။


ဆယ်ဇင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းတစ်ချို့ကို KIA ပူးပေါင်းတပ်ဖွဲ့များ က လွန်ခဲ့သည့် အောက်တိုဘာ ၂၅ရက်ခန့်က သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိတွင် တာမခန်၊ဆိုင်းတောင် နှင့် ဆယ်ဇင်း အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်စခန်းများမရှိတော့ကြောင်းလည်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page