ဇွန်လ(၁)လတာအတွင်း ကချင်ပြည်နယ်တွင် စစ်ကောင်စီကျူးလွန်ချိုးဖောက်ခဲ့သော လူ့အခွင့်အရေးများ
- Pajau Media

- Jul 11, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၁ရက်၊ဇူလိုင်လ၊၂၀၂၅။

ကချင်ပြည်နယ်တွင် ဇွန်လ(၁)လတာအတွင်း စစ်ကောင်စီကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း (၃၆)မှုရှိခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးရသည့် ပြည်သူပိုင်နေအိမ် (၅၀)လုံးအထိ ရှိခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရုံး၏ ယမန်နေ့ထုတ်ပြန်ချက်မှ သိရသည်။
(၁)လတာအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု(၆)ကြိမ်၊ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ခရိယာန်ဘာသာရေးအဆောက်အအုံများ(၂)လုံး၊ ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အအုံ(၁)လုံး၊ သေဆုံးခဲ့ရသူ(၅)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ(၃၄)ဦး တို့ ရှိခဲ့သည်ဟု ဆိုသည်။
နိုင်ငံတစ်ဝှမ်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုပေါင်း (၅၃၂)မှုအထိ ရှိခဲ့ပြီး၊ တရားလက်လွတ်သတ်ဖြတ်ခံရခြင်း၊ ကိုယ်ပိုင်ပစ္စည်းများ ဖျက်ဆီးခံရခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်း၊ တရားလက်လွတ်ဖမ်းဆီးမှု၊ ဖိအားပေးရွှေ့ပြောင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးခြင်း အစရှိသည့် လူ့အခွင့်အရေးများကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် တရားလက်လွတ်သတ်ဖြတ်ခံရမှုမှာ (၁၁၄)မှုအထိ ရှိခဲ့ပြီး၊ အများဆုံးကျုးလွန်ခံရသည့် ချိုးဖောက်မှုအမျိုးအစားဖြစ်ကာ၊ အခြားချိုးဖောက်မှုလည်း (၁၁၅)ကြိမ်အထိ ရှိခဲ့သည်။ ယင်းတို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူအား လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်သည့် ချိုးဖောက်မှုများ ဖြစ်သည်။
သတင်း - ထုဆိုင်း




Comments