top of page

ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေ

  • Writer: Pajau Media
    Pajau Media
  • Jul 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ဇူလိုင်လ၊၂၀၂၄ ခုနှစ်။



ပါဂျောင်မီဒီယာ၏ ၂၀၂၄ခုနှစ် ဇွန်လအတွင်း စုဆောင်းရရှိထားသည့် အချက်အလက်များအရ ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း (၅၆)ကြိမ် ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။


အဆိုပါတိုက်ပွဲများကြောင့် ကချင်ပြည်နယ်မှာ ဇွန်လအတွင်း အရပ်သားပြည်သူသေဆုံးမှု (၅)ဦးထက်မနည်း ရှိခဲ့ပြီး၊ အရပ်သားပြည်သူ ဒဏ်ရာရရှိမှုသည် စုစုပေါင်း (၃၁)ဦးအထိရှိကာ၊ စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် မတရားဖမ်းဆီးခံရသည့် ပြည်သူများမှာ (၄၅)ဦးအထိ ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။


ထို့အပြင် ဒေသခံပြည်သူများ၏ အိမ်ခြေ (၃၂၆)အိမ်မှာ တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး၊ အချို့အိမ်ခြေများမှာ မီးလောင်ပြာကျသွားခဲ့ရသည်။ စစ်ဘေးရှောင်အရေအတွက်အနေဖြင့် ဇွန်လအတွင်း (၈၄၅၀)နီးပါးခန့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။


ပါဂျောင်မီဒီယာမှ စုဆောင်းရရှိသည့် မှတ်တမ်းများအရ ဇွန်လ တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားများမှာ (၁၆)ဦးနှင့် သေဆုံးခဲ့သည့် တပ်သားများမှာ (၂၄)ဦးထက်မနည်း ရှိခဲ့ကြောင်း တွေ့ရှိရသည်။


လက်ရှိအချိန်ထိ KIA/KPDFပူးပေါင်းတပ်ဖွဲ့မှ အောင်မြင်စွာ ထိန်းချုပ်သိမ်းပိုက်ထားသည့် မြို့နယ်ပေါင်း (၄)မြို့နယ်အထိ ရှိနေပြီး၊ ၄င်းတို့မှာ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆင်ဘိုမြို့နှင့် လွယ်ဂျယ်မြို့ တို့ဖြစ်သည်။


ပါဂျောင်မီဒီယာမှ စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များမှာ ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများ၏ဖော်ပြချက်များမှ ကောက်နုတ်မှတ်သားထားခြင်းဖြစ်သောကြောင့် အချို့အချက်အလက်များမှာ ယခုထက် အနည်းအများ ကွဲပြားနိုင်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page