top of page

ဇန္နဝါရီ(၁)ရက်နေ့မှစ၍ မေလ(၁၃)ရက်နေ့အထိ နိုင်ငံတစ်ဝန်း၌ စစ်ကောင်စီတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့်အသက်၁၈နှစ်အောက် ကလေးငယ် (၁၀၅)ဦးသေဆုံး

  • Writer: Pajau Media
    Pajau Media
  • May 14, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၄ရက်၊မေလ၊၂၀၂၅။




ယခုနှစ် ဇန္နဝါရီ(၁)ရက်နေ့မှစပြီး မေလ(၁၃)ရက်နေ့အထိ နိုင်ငံတစ်ဝန်း၌ စစ်ကောင်စီတပ်ဖွဲ့ကြောင့် အသက်၁၈နှစ်အောက် ကလေးငယ်သေဆုံးသူ (၁၀၅)ဦးအထိ ရှိခဲ့ပြီး၊ မိန်းကလေး(၅၃)ဦးနှင့် ယောက်ျားလေး(၅၂)ဦးတို့ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။


သေဆုံးသူများအနက် စစ်ကိုင်းတိုင်းတွင် (၃၄)ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ခဲ့ပြီး၊ မကွေးတိုင်းတွင် (၂၁)ဦးဖြင့် ဒုတိယသေဆုံးမှုအများဆုံး ဖြစ်ခဲ့သည်။ ထို့အပြင် သေဆုံးသူ(၈၉)ဦးတို့မှာ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။


ပြီးခဲ့သည့် မေလ(၁၂)ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းဆရာမနှစ်ဦးနှင့် ကျောင်းသား/သူ (၂၀)ဦး စုစုပေါင်း(၂၂)ဦးတို့ ဗုံးထိမှန် သေဆုံးခဲ့ရသည်။


စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးကာလကို မေလကုန်အထိ ထပ်မံတိုးမြင့်ထားသော်လည်း နေ့စဉ်ရက်ဆက်‌ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး မေလ(၈)ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးနှစ်ကြိမ်ကြဲချခဲ့ရာ စစ်ဘေးရှောင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page