top of page

ညောင်ပင်ကျေးရွာတွင် မိန်းကလေးငယ်တစ်ဦးသတ်ဖြတ်ခံရပြီး ကလေးငယ်တစ်ဦး ပျောက်ဆုံးနေ

  • Writer: Pajau Media
    Pajau Media
  • Apr 5, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ယနေ့ ဧပြီလ၅ရက်နေ့ နေ့လည်၂နာရီဝန်းကျင်ခန့်တွင် အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာ တာဝါတိုင်အနီးရှိ အိမ်တွင်နေထိုင်သော ၁၀နှစ်အရွယ် ကလေးငယ်အား နားကပ်လုယူကာ သတ်ဖြတ်သွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


"သတ်ခံရတဲ့ ကလေးက မိန်းကလေး၊အသက်၁၀ နှစ်အရွယ် ဘဲရှိသေးတယ် ။ ကြိုးနဲ့တုတ်ပြီး နားကပ်ကို ယူပြီးသတ်သွားတာ။ နားတစ်ဖက်ကပြတ်‌နေတယ်။ နားက နားကပ်ကို ဆွဲဖြတ်ယူသွားတဲ့ပုံဘဲ။ သေတဲ့ကလေးရဲ့ မောင်ဖြစ်သူ ၈ နှစ်အရွယ်ယောက်ျားလေးက ပျောက်နေတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။



ဖြစ်စဉ်မှာ မိဘများ တောထဲ ဟင်းရွက်ခူးသွားနေစဥ် ဖြစ်ပွားခဲ့ပြီး မိဘများတောထဲမှ ပြန်ရောက်ချိန်တွင် နေအိမ်၌သေဆုံး နေသည်ကို တွေ့ရကြောင်းသိရသည်။


အခင်းဖြစ်ပွားရာနေအိမ်သည် ညောင်ပင်စစ်တပ်ကုန်းနှင့် တာဝါတိုင်အနီးတွင် တည်ရှိပြီး ရွှေလုပ်ကွက်များ ရှိနေသည့်အတွက် စက်သံများဆူညံနေပြီး လူသတ်လုယက်မှုအား မည်သူမှ မသိလိုက်ကြကြောင်းပြောသည်။


ဒေသခံများနှင့် မိသားစုဝင်များမှာ မိန်းကလေးငယ်အား ခိုးယူသတ်ဖြတ်မှုအပြင် မောင်လေးဖြစ်သူ ပျောက်ဆုံးမှုမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ပါဂျောင်မီဒီယာမှလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page