top of page

ညောင်ပင်သာရွာ တိုက်ပွဲဖြစ်ပွားနေပြီး၊ ပြည်သူနေအိမ် မီးရှို့ခံနေရ

  • Writer: Pajau Media
    Pajau Media
  • 8 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊မေလ၊၂၀၂၆။


ကချင်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အင်းတော်-မော်လူးကြားရှိ ညောင်ပင်သာရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့်အပြင် စစ်တပ်က ပြည်သူနေအိမ်များကို မီးရှို့ဖျက်စီးနေကြောင်း စစ်‌ရေးသတင်းရင်းမြစ်မှ သိရသည်။


တော်လှန်ရေးတပ်များက အင်းတော်နှင့် မော်လူးမြို့ရှိ ကာကင်းစခန်းများကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က ညောင်ပင်သာရွာကို မီးရှို့ဖျက်စီးမှုများ လုပ်ဆောင်လာကြောင်း သိရသည်။


ထို့အပြင် ကသာဘက်မှ စစ်ကူလာသည့် စစ်ကား ၃ စီးကိုလည်း တော်လှန်ရေးတပ်ဘက်က မော်ဟဲရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ကားတစီးပျက်စီးကာ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းများနှင့် ဂျမ်မာများကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။


ထိုသို့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးလည်းတင်းမာနေဆဲဖြစ်သောကြောင့် ဒေသခံပြည်သူများမှာ လွတ်မြောက်နယ်မြေများသို့ စစ်တိမ်းရှောင် နေထိုင်ကြပြီဖြစ်ကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page