top of page

ညသန်းခေါင် ပွဲလန်းသဘင်ကျင်းပခြင်းကြောင့် ပတ်၀န်းကျင် အနှောက်အယှက်ဖြစ်

  • Writer: Pajau Media
    Pajau Media
  • Mar 2
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊မတ်လ၊၂၀၂၆။



မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ကားကြီးကွင်းအနောက်ဘက်ခြမ်းတွင် ဘာသာရေးအကြောင်းပြုကာ ပွဲလန်းသဘင်နှင့် လောင်းကစား၀ိုင်းများ ပြုလုပ်နေကြကြောင်း ဒေသခံများ ပြောကြသည်။


ဖေဖော်ဝါရီ (၂၂) ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ ကျင်းပနေကြခြင်းဖြစ်ပြီး ပွဲလန်းသဘင်များအပြင် လောင်းကစား၀ိုင်းများလည်း ဖွင့်လှစ်နေကြကြောင်း သိရသည်။


အဆိုပါ ပွဲလန်းသဘင်နှင့် လောင်းကစား၀ိုင်းများကြောင့် ပတ်၀န်းကျင်ဆူညံကာ ညသန်းခေါင်အချိန်ထိ အိပ်ရေးပျက်ရသည့်အပြင် ကျောင်းသားများအတွက်လည်း စာကျက်ရာတွင် စိတ်အနှောက်အယှက်ဖြစ်ရသည်။


ညလုံးပေါက် ကခုန်ခြင်း၊ လောင်းကစားဝိုင်းမှ အသံများနှင့် ကျောင်းသား၊ ကျောင်းသူတွေ စာကျက်ရန် ခက်သည်ဟု ဆိုသည်။


သတင်း - ထု​ဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page