တဲကြီးကုန်းကျေးရွာအနီး လူတစ်ဦးသေဆုံးနေ
- Pajau Media

- Aug 4, 2025
- 1 min read
ပါဂျောင်မီဒီယာ
၄ရက်၊ ဩဂုတ်၊ ၂၀၂၅။
မိုးညှင်းမြို့၊ တဲကြီးကုန်းကျေးရွာအနီးတွင် သေဆုံးနေသည့် အလောင်းတစ်လောင်း တွေ့ရှိကြောင်း သိရသည်။
ယင်းအလောင်းကို ယမန်နေ့ ဩဂုတ်လ ၃ ရက် နေ့လည် ၁ နာရီအချိန်ခန့်တွင် တွေ့ရှိခဲ့ပြီး၊ ဆက်လက်စုံစမ်းရာ ဟဲလုံကျေးရွာမှ ဦးကျော်သိန်းဆိုသူဖြစ်ကြောင်းနှင့် မေတ္တာလေညှင်းနာရေးကူညီမှုအသင်း၏ ဖေ့ဘုတ်စာမျက်နာတွင် ပိုင်ရှင်မဲ့အလောင်းအဖြစ် ကြေညာမှသာ အလောင်းပိုင်ရှင် မိသားစုပေါ်လာခဲ့ကြောင်း အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
"အလောင်းတွေ့ခါစကတော့ ဘယ်သူမှန်း ဘယ်ကမှန်းမသိဘူး၊ အဲ့ဒါနဲ့ ကျွန်တော်တို့ ဖေ့ဘုတ်ပေ့မှာတင်လိုက်မှ ပိုင်ရှင်သိရတာ။ နေ့လည်တစ်နာရီလောက်က ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ခဲ့တယ်" ဟု ပြောသည်။
လတလောပိုင်ရှင်မဲ့အလောင်းများ မကြာခဏ တွေ့နေရပြီး သဂြိုလ်သည့်အခါတွင်လည်း အခက်အခဲဖြစ်ရသလို၊ မိုးညှင်းမှာ လမ်းဘေးသေဆုံးနေသည့် ပိုင်ရှင်မဲ့အလောင်းဟာ တဖြေးဖြေးပိုများလာကာ တစ်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၃လောင်းအထိ တွေ့ရှိနေရသည်ဟု ဆိုသည်။
သတင်း - ကချင်ပြည်သား










Comments