top of page

တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ် ဖားကန့်တွင် စစ်ကူလာနေသော စစ်ကောင်စီ၊ပြည့်သူစစ်များနှင့် KIA ပူးပေါင်းတပ်တို့အကြား ဆိပ်မူကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်

  • Writer: Pajau Media
    Pajau Media
  • Aug 15, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၅၊ ၈၊ ၂၀၂၄



တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ် ဖားကန့်တွင် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိပြီး အကြီးဆုံးတပ်စခန်းဖြစ်သည့် လမောင်ဗျူဟာကုန်း တပ်စခန်းသို့ စစ်ကူသွားမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA ပူးပေါင်းတပ်တို့သည် မိုးညင်းခရိုင်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြပါသည်။


ဆိုင်းတောင်ကျေးရွာ၊ ရှမ်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အင်အား ၅၀ ဝန်ကျင်ခန့်ရှိသောတပ်ဖွဲ့သည် ယမန့်နေ့ နေ့လည် ၃ နာရီဝန်းကျင်တွင် သေနတ်များပစ်ခတ်ပြီး စစ်ကြောင်းထိုးလာခဲ့ရာ KIA ပူးပေါင်းတပ်တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွါး ခဲ့သည်ဟု သိရပါသည်။


အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သော နှစ်ပတ်ခန့်အတွင်း အင်းတော်ကြီးဒေသ ညောင်ပင်၊ ဝှေလုံမှာ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့စဉ်တွင် ဖားကန့်ဗျူဟာမှ စစ်ကူဆင်းလာပြီး ဆိုင်းတောင်တွင် တပ်စွဲအခြေချနေသည့် တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရှိရသည်။


လမောင်ကုန်းတပ်စခန်းကြီးသည် ဖားကန့်မြို့နှင့် ၅ မိုင်မျှသာကွာဝေးပြီး ထိုတပ်စခန်းကို ကချင်တော်လှန်ရေးအင်အားစုများ သိမ်းပိုက်နိုင်ခဲ့ပါက ဖားကန့်မြို့တစ်ခုလုံးကျသွားနိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page