top of page

တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့တွင် မြို့အဝင်အထွက်လမ်းများ ယနေ့အထိ ပိတ်ထားဆဲ

  • Writer: Pajau Media
    Pajau Media
  • May 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ မေလ၊၂၀၂၄ခုနှစ်။





တိုက်ပွဲပြင်းထန်နေသောကြောင့် ဗန်းမော်မြို့ကို ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများကို စစ်ကောင်စီက အဝင်အထွက် အားလုံး ဆက်လက်ပိတ်ထားဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


“အခုက သူတို့က လမ်းမကြီးတွေမှာတော့ သွားခွင့်မပြုသေးဘူး။ တောလမ်းကနေတော့ သွားခွင့်ပြုထားတယ်။ ဒါပေမယ့် ဒီကြားထဲမှာ တိုက်ပွဲဖြစ်လာရင်တော့ တာဝန်မယူဘူးပေါ့။ ပြောချင်တာက လူသားဒိုင်းဖြစ်မှာပေါ့။ အဲ့လိုသဘောမျိုးနဲ့ ပြောထားတယ်။” ဟု ဗန်းမော်မြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ စစ်ရှောင်တစ်ဦးက ပြောသည်။


မတ်လ ၇ရက်နေ့မှစတင်ခဲ့သော KIA၏ ထိုးစစ်ဆင်တိုက်ပွဲများကြောင့် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများမှာ ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး၊ မေလ ၇ရက်နေ့မှစ၍ ဗန်းမော်မြို့အနီးရှိ မိုးမောက်မြို့နှင့် မံစီမြို့တို့တွင် တိုက်ပွဲပြင်းထန်နေသောကြောင့် မြို့အဝင်အထွက်လမ်းများ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။


စစ်ကောင်စီသည် မေလ၇ရက်နေ့မှစ၍ ဗန်းမော်မြို့အဝင်အထွက်လမ်းများ ပိတ်ထားခဲ့ပြီး တောလမ်းဖြင့်သာ သွားလာခွင့်ပြုထားသော်လည်း ဒေသခံများမှာ လမ်းခရီးရှည်လွန်းသည့်အပြင် လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် ခက်ခဲနေကြရပြီး၊ ယနေ့အထိ လက်နက်ကြီးသံများ နေ့စဉ်ကြားနေရသည်ဟု ဆိုသည်။


လက်ရှိ ဗန်းမော်မြို့တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေသည့်အပြင် စစ်ကောင်စီက MPT, Atomနှင့် Ooredoo ဆင်းကဒ်များ အားလုံး ပိတ်ခံထားရပြီး၊ တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကာ၊ တိုက်ပွဲပြင်းထန်နေသည့် နေရာများကိုလည်း လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည်။


ထို့အပြင် Mytel ဆင်းကဒ်နှင့် Mytel ဝိုင်ဖိုင်တစ်ခုသာ အသုံးပြုနိုင်ပြီး၊ ကျန်ဆင်းကဒ်များ ပိတ်ခံထားရသည်မှာလည်း ယနေ့အပါအဝင် ၃ရက်နီးပါး ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page