top of page

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ထိမှန်ပျက်စီး

  • Writer: Pajau Media
    Pajau Media
  • Jun 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။




တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မံစီမြို့နယ် ဟန်ထက်ကျေးရွာကို ယမန်နေ့ ည၁၀နာရီဝန်းကျင် အချိန်ခန့်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။


စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟန်ထက်ကျေးရွာ ကျေးလက်ဆေးပေးခန်း အနောက်ဘက်ရှိ နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး၊ ယင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မန္တလေး၊တံတားဦးဘက်မှ တက်လာသည့် တိုက်လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လူထိခိုက်သေဆုံးမှုမရှိကြောင်း ဒေသခံများက ပြောသည်။


ပြီးခဲ့သည့် ဇွန်လ၁၁ရက်နေ့တွင်လည်း ဗန်းမော်မြို့နှင့် မံစီမြို့နယ်ရှိ ကမ္ဘာနီကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရပြီး၊ ဒေသခံ၉ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းဖြစ်စဉ်တွင် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ရသည်။


ဟန်ထက်ကျေးရွာသည် ပြီးခဲ့သည့် ဧပြီလ ၅ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်(KIA) ပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ကြောင်းနှင့် ယင်းနေ့တွင်ပင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်ကြီးကျောင်းအနီးရှိ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page