top of page

တိုက်ပွဲများ ပြန်လည်ငြိမ်သက်လျှက်ရှိသည့် ဗန်းမော်-မိုးမောက်ကြားရှိ (၇)မိုင် အောင်မြေကျေးရွာ

  • Writer: Pajau Media
    Pajau Media
  • Nov 4, 2024
  • 1 min read

Updated: Nov 5, 2024

ပါဂျောင်မီဒီယာ။

၄ရက်၊နိုဝင်ဘာ၊၂၀၂၄။



ဗန်းမော်-မိုးမောက်ဒေသ၊ (၇)မိုင် အောင်မြေကျေးရွာအနီးဝန်းကျင်တွင် ပြီးခဲ့သည့် အောက် တိုဘာလအတွင်း စစ်ကောင်စီမှ အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုးလာပြီး ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့ပေမယ့် အောက်တိုဘာလ ကုန်ပိုင်းမှစ၍ ယနေ့နိုဝင်ဘာ ၄ရက်နေ့အထိ ထိတွေ့တိုက်ပွဲများမရှိပဲ ငြိမ်သက်နေသည်ဟု ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


စစ်ကောင်စီတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း (၇)မိုင်‌ အောင်မြေကျေးရွာဘက်သို့ ဒရုန်းဖြင့် လာရောက်ဗုံးကျဲမှုများ ရှိနေပေမယ့် စစ်အင်အားအလုံးအရင်းဖြင့် ခြေလျင်စစ်ကြောင်းထိုး တိုက်ခိုက်မှုများ မရှိကြောင်း သိရသည်။


ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်း၊ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် တင့်ကား၄စီးဖြင့်လည်း ခြေလျင် စစ်ကြောင်းထိုး တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သည်။


ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များ သိမ်းယူထားသည့် ကချင်ပြည်နယ်မှ မိုးမောက်မြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက သံချပ်ကာယာဉ်များပါ အသုံးပြပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်ပြီး မြေပြင်စစ်ကြောင်းဖြင့် ထိုးစစ်ဆင်ခြင်းအပြင် လေကြောင်းမှလည်း နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။


မိုးမောက်မြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၄၃၇တပ်ကို KIA ပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၁၉ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ထားလိုက်ပြီး မြို့နယ်တစ်ခုလုံးကိုလည်း ထိန်းချုပ်ထားနိုင်သည်မှာ နှစ်လခန့် ကြာမြင့်လာပြီ ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page