တိုက်ပွဲရှောင်ကျောင်းသားများကို SNAမှ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့
- Pajau Media

- Aug 21, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၁ရက်၊ ဩဂုတ်၊ ၂၀၂၅။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့ပေါ်သို့ ရောက်ရှိလာတဲ့ ကျေးရွာ ၃ ရွာမှ တိုက်ပွဲရှောင် ကျောင်းသား/ကျောင်းသူများကို ရှမ်းနီ(SNA)က ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်၂၀ရက်နေ့တွင် SNAက လယ်နက်ကြီးကျေးရွာ၊ ပေကုန်းကျေးရွာနှင့် နားယောကျေးရွာမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၆) ဦးတို့အတွက် လိုအပ်သည့် ကျောင်းသုံးကိရိယာများ ထောက်ပံ့ကူညီပေးခဲ့သည်ဟု ဆိုသည်။
ထောက်ပံ့ပစ္စည်းများမှာ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများအပြင် အာဟာရကျန်းမာရေးအတွက် ကျွေးမွေးလှူဒါန်းခဲ့သည်ဟု ဆိုသည်။
သတင်း - ထိန်နိုင်




Comments