top of page

တောင်ကျရေကြောင့် ချီဖွေရေအားလျှပ်စစ် စက်ချို့ယွင်းပြီး မိုးညှင်းခရိုင် မီးပြတ်တောက်

  • Writer: Pajau Media
    Pajau Media
  • Aug 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ သြဂုတ်၊ ၂၀၂၄။



မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကြီးလာသောကြောင့် ချီဖွေရေအားလျှပ်စစ်ရုံးမှ စက်ချို့ယွန်းမှုဖြစ်ကာ ဓာတ်အားထုတ်လုပ်မှု ရပ်ဆိုင်းသွားသဖြင့် မိုးညှင်းခရိုင်တစ်ခုလုံး မီးပြတ်တောက်သွားကြောင်း ဒေသခံများ​ထံမှ သိရသည်။


"အဓီကမီးက ဒီချီဖွေကနေဆွဲထားတာ ခုချီဖွေရေအားလျှပ်စစ်ဓာတ်အားပေးရုံးက စက်တခုခုဖြစ်နေလို့ ဓာတ်အားထုတ်တာကို ရပ်ဆိုင်းလိုက်တော့ မိုးညင်းခရိုင်တစ်ခုလုံး မီးပြတ်တောက်သွားတာဖြစ်တယ်" ဟု မိုးညှင်းမြို့မှ ဒေသခံတစ်ဦးကပြောသည်။


ကချင်ပြည်နယ်တွင် ဩဂုတ်လဆန်းကတည်းက မိုးကြီးဆက်တိုက်ရွာသွန်းနေပြီး တောင်ကျရေများလည်း ရေကြီးရေလျှံဖြစ်ပွားခဲ့သည်။


အဆိုပါ တောင်ကျရေများကြောင့် ချီဖွေရေအားလျှပ်စစ်ရုံးအတွင်း စက်ချို့ယွင်းမှုကြောင့် မိုးညှင်းခရိုင်မှာတော့ ယနေ့နံနက်မှစပြီး မီးပြတ်တောက်သွားပြီဟု သိရသည်။


သက်ဆိုင်ရာဌာနမှလည်း လျှပ်စစ်ဓာတ်အား စစ်ဆေးရေးလုပ်ငန်းများနှင့် ပြုပြင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။


ထို့ကြောင့် မီးပြန်လာပါက ဗို့အားမတည်ငြိမ်မှု ဖြစ်နိုင်သဖြင့် အရေးကြီးပစ္စည်းများ၊ ချက်ချင်းမဖွင့်ပါရန်နှင့် ရေတင်စနစ်များ ပြန်လည်စတင်ရန် ၃၀ မိနစ်ခန့် စောင့်ဆိုင်းပြီး ရေတင်စနစ်များပြုလုပ်ရန် လျှပ်စစ်ရုံးက သတိပေးထားသည်။


လက်ရှိမှာတော့ မိုးထည်းထန်စွာရွာသွန်းနေပြီး တောင်ကျရေကြီးနေမှုကြောင့် ကချင်ပြည်နယ် လိုင်ဇာမြို့အပါအဝင် မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page