top of page

တောပြုန်းတီးမှုနှုန်း ပိုမိုမြင့်လာသောကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ပိုမိုမြင့်မားလာ

  • Writer: Pajau Media
    Pajau Media
  • Jun 20
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ဇွန်လ၊၂၀၂၅။




စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အပြင် တစ်နိုင်ငံလုံးတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု တစ်နှစ်ပြီးတစ်နှစ် များပြားလာပြီး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထုတ်ဖော်ပြောဆိုခွင့် ဆုံးရှုံးနေကြောင်းလည်း ပတ်ဝန်းကျင်လေ့လာစောင့်ကြည်သူများက ပြောသည်။


၂၀၂၁ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည့်အပြင် သဘာဝတောတောင် ရေ၊ မြေ၊ သစ်ပင်၊ ဝါးပင်များ ပျက်စီးခြင်း၊ မြစ်ချောင်း၊ အင်းအိုင် ပျက်စီးခြင်းများကြောင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာရခြင်းများ တစ်နှစ်ပြီးတစ်နှစ် ပိုမိုဆိုးရွားလာသည်ဟု ဆိုသည်။d

ddd

သစ်၊ဝါးများကို အထိန်းအကွပ်မဲ့စွာ ခုတ်ထွင်ရောင်းစားခြင်း၊ ရွှေအလွန်အကျွံ တူးဖော်လုပ်ကိုင်စားခြင်းကြောင့်လည်း ရေလမ်းကြောင်းလွှဲပျက်စီးသည့်အပြင် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။

d

ကချင်ပြည်နယ်တွင်လည်း ပြီးခဲ့သည့် မေလကုန်ပိုင်းနှင့် ဇွန်လဆန်းပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ပူတာအို၊ခေါင်လန်ဖူး၊ နောင်မွန်း၊ လန်ဆန်၊ဆဒုံး၊ချီဖွေ၊ကန်ပိုင်တည်၊ ဝိုင်းမော်နှင့် မြစ်ကြီးနား အစရှိသည့် နေရာများတွင် ရေကြီးရေလျှံဖြစ်ပွားခဲ့သောကြောင့် နေအိမ်အများအပြား ရေစီးတွင်မျောပါ ပျက်စီးခြင်း၊ တံတားပြိုပျက်စီးခြင်းနှင့် ပြည်သူ(၆)ဦး မျောပါသေဆုံးမှုများပါ ရှိခဲ့သည်။


အထူးသဖြင့် ရွှေအလွန်အကျွံတူးဖော်ခြင်းနှင့် မြေရှားသတ္ထုတူးဖော်ခြင်းများကို အာဏာရသည့်သူများနှင့် လက်တွဲလုပ်ကိုင်ကြသည့် လုပ်ငန်းရှင်ကြီးများ ရှိနေသောကြောင့်လည်း မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ပိုမိုဆိုရွားလာခြင်းဖြစ်သည်ဟု ဆိုသည်။


Global Forest Watch ၏ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တောပြုန်းတီးမှုနှုန်းမှာ ဧက(၇၁၀,၀၀၀)ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page