တစ်နှစ်တာတွင်း ကချင်ပြည်နယ်တွင် ကလေးငယ်(၇)ဦးနှင့် အမျိုးသမီး(၁၀)ဦးထိ သေဆုံး
- Pajau Media

- Jan 20
- 1 min read
ပါဂျောင်မီဒီယာ
၂၀ရက်၊ဇန္နဝါရီ၊၂၀၂၆။

စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်တွင် တစ်နှစ်သာအတွင်း ကလေးငယ် ၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးထိ သေဆုံးမှုရှိခဲ့ကြောင်းကို Kachin Human Rights Watch (KHRW) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ် တစ်နှစ်တာအတွင်း စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူစုစုပေါင်း ၁၃၃ ဦးသေဆုံးခဲ့ပြီး၊ ၁၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ထိုသေဆုံးမှုထဲတွင် ကလေးငယ် ၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးထိရှိကြောင်း သိရသည်။
ထို့အပြင် (AAPP)၏ ထုတ်ပြန်ချက်အရလည်း ပြီးခဲ့သည့် တစ်နှစ်သာအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၄၅ ဦးထိ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်နေသည့်နေရာများတွင် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပြင် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ဗုံးကြဲတိုက်ခိုက်မှုလည်း လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments