တစ်နှစ်နီးပါး ရှိလာပြီဖြစ်သည့် ဗန်းမော်ဒေသ စစ်ရှောင်များ စားဝတ်နေရေး ခက်ခဲလာ
- Pajau Media

- Nov 12
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊နိုဝင်ဘာ၊၂၀၂၅။
တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်သည့် ဗန်းမော်ဒေသမှ အရပ်သားပြည်သူ ဒေသခံများမှာ တိုက်ပွဲကာလကြာမြင့်လာသည်နှင့်အမျှ ကူညီထောက်ပံ့မှ အမြဲမရရှိဘဲ စားဝတ်နေရေး ခက်ခဲကြပ်တည်းလာသည်ဟု စစ်ရှောင်များပြောပြချက်အရ သိရသည်။
ဗန်းမော်ဒေသသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၄ရက်နေ့ကတည်းက ဗန်းမော်မြို့ မလိခချောင်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် မြလယ်၊ ဟန်ထက်၊ ကောင်းတုံ၊ မန်တဲ၊ မုံးခေါင်၊ လန်ကား၊ မုန်းဒိန်ပါ၊ စင်းခန်းနှင့် အခြားကျေးရွာများ (၃၀)ကျော်မှ စစ်ရှောင်လာသည့် ဒေသခံ (၁၀၀၀၀)ကျော်က စစ်ရှောင်ကာလ တစ်နှစ်နီးပါး ရှိလာပြီဖြစ်သောကြောင့် စားဝတ်နေရေးအတွက် ခက်ခဲလာကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံအများစုမှာ ကိုယ်လွှတ်ရုန်း ထွက်ပြေးလာပြီး ကိုယ်ထူကိုယ်ထ စစ်ရှောင်စခန်းတွင် နေထိုင်နေရခြင်းကြောင့် မိသားစုဝင်များပြားသည့် မိသားစုများလည်း ပိုမိုခက်ခဲလာသည်ဟု စစ်ရှောင်များက ပြောသည်။
ထို့အပြင် စစ်ရှောင်များပြားသော်လည်း စားဝတ်နေရေး မလုံလောက်သည့် ပြသာနာများနှင့် ကြုံတွေ့လာရသလို လက်ရှိ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများလည်း လုံလုံလောက်လောက် မရရှိသည့်အပြင် ဘယ်အချိန်ထိ စစ်ရှောင်နေရအုံးမည်ကို စိုးရိမ်သောကြောင့် ဆေးဝါးနှင့် အစားအသောက်မှာ ပုံမှန်ကူညီထောက်ပံ့ပေးနိုင်ရန် လိုလားကြသည်ဟု စစ်ရှောင်များ ပြောဆိုချက်အရ ထပ်မံသိရသည်။
သတင်း - ထုဆိုင်း









Comments