top of page

တစ်နာရီနှစ်သောင်းကျပ်ဖြင့် အင်တာနက်လိုင်းအသုံးပြုခွင့်ရသည့် နန်းထိုက်ကိုဖုန်းဆိုင် ခေတ္တခဏ ပိတ်ပင်ထား

  • Writer: Pajau Media
    Pajau Media
  • Aug 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀၊ ၈၊၂၀၂၄။



မြစ်ကြီးနားမြို့တွင် တစ်နာရီနှစ်သောင်းကျပ်ဖြင့် အင်တာနက်အသုံးပြုနိုင်သည့် နန်းထိုက်ကို ဖုန်းအရောင်းအဝယ်ဆိုင်ကို ယမန်နေ့မှစပြီး စတင်ပိတ်ပင်ခဲ့ပြီး၊ အသုံးပြုရန် ဝန်ဆောင်ခကိုလည်း သုံးသောင်းအထိ တိုးမြင့်ထားသည်ဟု ဆိုသည်။


ယင်းဆိုင်ရှင်၏ ပြောဆိုချက်အရ အင်တာနက်ဆိုင် ပိတ်ပင်ထားရခြင်းမှာ ရာသီဥတုမသာယာသဖြင့် အင်တာနက်လိုင်းကို ကောင်းမွန်စွာ အသုံးမပြုနိုင်သောကြောင့် ဩဂုတ်လ၁၉ရက်နှင့် ၂၀ရက်အထိ နှစ်ရက်တာ ပိတ်ပင်ထားခြင်းဖြစ်ကြောင်းနှင့် အင်တာနက်လိုင်းဝန်ဆောင်ခကိုလည်း ယခင်နှစ်သောင်းမှ သုံးသောင်းကျပ်အထိ တိုးမြင့်ထားပြီး လာမည့် ၂၁ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောသည်။


ပြီးခဲ့သည့် ဩဂုတ်လ ၁၀ရက်နောက်ပိုင်းမှစပြီး အချိန်ဝယ်ယူကန့်သတ်ကာ အင်တာနက်လိုင်းသုံးစွဲရသောကြောင့် ဒေသခံများ အလုအယက်လာရောက်သုံးစွဲပြီး၊ နေ့စဉ်လာရောက်စောင့်ဆိုင်းသူမှာ လူဦးရေ (၅၀)ဝန်းကျင်အထိရှိနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စစ်တပ်မှ မသင်္ဂာာမှုဖြင့် လာရောက်စစ်ဆေးမှုလည်း ရှိခဲ့သည်ဟု ဆိုသည်။


ထို့အပြင် ယခင်အတိုင်း ပုံမှန်နံနက်ခုနှစ်နာရီခွဲမှ ညနေငါးနာရီအထိသာ အချိန်အကန့်အသတ်ဖြင့် အင်တာနက်သုံးစွဲခွင့် ပြုထားသည့်အပြင် Kpay, Wavepayမှ ငွေထုတ်များကိုလည်း တစ်သိန်းလျှင် ဝန်ဆောင်မှု သုံးထောင်ကျပ်နှင့် ငွေလွှဲများမှာ တစ်သိန်းလျှင် သုံးရာကျပ် စသည်ဖြင့် ငွေသွင်းငွေထုတ် နေရသည်။


နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပြီးခဲ့သည့် ဇူလှိုင်၂၁ရက်နေ့ကတည်းက ကချင်တစ်ပြည်နယ်လုံး ဖုန်းအဆက်အသွယ်နှင့် အင်တာနက်လိုင်းပြတ်တောက်ခဲ့ပြီး၊ ဩဂုတ်လဆန်းပိုင်းမှ MPTနှင့်အက်တမ်ဖုန်းအော်ပရေတာများ အချိန်၊ နေရာအကန့်အသတ်ဖြင့် ရံဖန်ရံခါ ဖုန်းအဆက်အသွယ်ရရှိပေမယ့် အင်တာနက်လိုင်းများ ပိတ်ပင်ထားသည်မှာ ၁လနီးပါးခန့် ကြာမြင့်လာပြီးဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page