top of page

တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားခဲ့သည့် ရှိန်းခေါင်ရွာ ပြန်လည် ထူထောင်ရေး ပြင်ဆင်နေ

  • Writer: Pajau Media
    Pajau Media
  • Nov 23, 2023
  • 1 min read

ပါဂျောင်မီဒီယာ



အိမ်ရှင်မရှိသည့် လူနေအိမ်တစ်အိမ်မှ စတင်မီးလောင်ခဲ့သည့် မီးစကြောင့် တစ်ရွာလုံးနီးပါး မီလောင်ပြာကျခဲ့သည့် ရှိန်းခေါင်ကျေးရွာအား ကချင်ပြည်နယ်အစိုးရနှင့် အရပ်ဖက် အလှူရှင်အဖွဲ့များ၏ ကူညီထောက်ပံ့မှုကြောင့် ပြန်လည် ထူ ထောင်ရေး ပြင်ဆင်နေသည်ဟု ၄င်းကျေးရွာနှင့် အဆက်အသွယ်ရှိသူ တစ်ဦး ပြောပြချက်အရ သိရသည်။


ကချင်ပြည်နယ် အစိုးရ၀န်ကြီးချုပ် ခက်ထိန်နန်မှ နို၀င်ဘာလ ဒုတိယပတ်အတွင်း သွားရောက်လေ့လာကြည့်ရှုပြီး၊ ကျေးရွာပြန်လည်ထူထောင်ရေးအတွက်ဟုဆိုကာ ကျပ်သိန်း၆၀၀ ပေးအပ်ခဲ့သည်ဟုဆိုသည်။ ထို့အပြင် ပူတာအိုမြို့တွင်းရှိ အရပ်ဖက် အလှူရှင်များမှလည်း စုပေါင်းပြီး ကျပ်သိန်း ၁၇၈သိန်း လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။



“ဒီလ ဒုတိယအပတ်လောက်မှာပဲ ကချင်ပြည်နယ် ၀န်ကြီးချုပ် ကိုယ်တိုင်က သွားရောက်ပြီး၊ သိန်း ၆၀၀ပေးခဲ့တယ်။ ပြီးရင် ပူတာအိုမြို့တွင်းက လှူတဲ့ လူဒါန်းငွေလည်း စုစုပေါင်း သိန် ၁၇၈သိန်းလောက် ရထားတယ်။ အဲ့ဒါတွေနဲ့ မီးဘေးသင့် ဒေသခံတွေကို ကျွေးမွေးထားတယ်။ ပြန်လည် ပြင်ဆင်ပေးဖို့လည်း လုပ်နေကြတယ်” ဟု ယင်းဒေသနှင့် နီးစပ်သူဖြစ်သည့် မလိခူးမှ ပါဂျောင်မီဒီယာသို့ ပြောဆိုသည်။


ယင်းကျေးရွာသည် လွန်ခဲ့သည့် နို၀င်ဘာ ၇ရက်နေ့ မနက်ပိုင်း၌ ကျေးရွာ၏ထိပ်ပိုင်း အိမ်ရှင်မရှိသည့်လူနေအိမ်တစ်ခုမှ မနက်၂နာရီခန့်တွင် စတင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ကျေးရွာရှိလူနေအိမ်များတစ်အိမ်နှင့်တစ်အိမ် ကပ်ရပ်ထိစပ်ခြင်း၊ရေရှားခြင်းများကြောင့်သော်လည်းကောင်း မီးမငြိမ်းသတ်နိုင်သောကြောင့် အိမ်များရာချီ မီးလောင်ပြာကျခဲ့ရခြင်းဖြစ်သည်။


ရှိန်းခေါင်ကျေးရွာအတွင်း စုစုပေါင်း အိမ်ခြေ၆၃အိမ် မီးလောင်ပြာကျခဲ့ရပြီး၊ မီးဘေးသင့် နေရာအတွင်း နစ် နာဆုံးရှုံးမှုတန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် သိန်းပေါင်း သိန်းတစ်သောင်းလေးထောင် ( ၁,၄၀၀,၀၀၀,၀၀၀) ခန့်

နှင့် မီးဘေးသင့် လူဦးရေမှာ စုစုပေါင်း (၃၀၃)ဦးအထိ ရှိသည်ဟု ပြောဆိုထားသည်။


ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်တွင်းရှိ ရှိန်းခေါင်ဒေသကျေးရွာသည် အိမ်ခြေ ၁၀၃အိမ်ရှိပြီး၊ မြန်မာနိုင်ငံမြောက်ဖျားပိုင်း၏ ရေခဲဖုံးလွမ်းပြီး အလွန်လှပသောကျေးရွာတစ်ခုအဖြစ် တည်ရှိကာ၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ဒုတိယလူနေအများဆုံး ဒေသတစ်ခုလည်းဖြစ်သည်။


ထို့အပြင် ခေါင်လန်ဖူးမြို့မှာ ၅၀ကီလိုမီတာခန့် အကွာအ၀ေးတွင် တည်ရှိပြီး၊ မြန်မာနိုင်ငံမြောက်ဖျားပိုင်း၌ တရုတ်ပြည်နှင့် အဓိကကုန်သွယ်ရာ နယ်စပ်ဂိတ်ဒေသတစ်ခုအဖြစ် အချက်အချာကျသော နေရာလည်း ဖြစ်သည်။

Comments


Pajau Media

Thanks for subscribing!

bottom of page